Star Trek: Picard
Season 01 Star Trek လို့ဆိုလိုက်တာနဲ့ စတားဖလိ၊ ဖယ်ဒရေးရှင်း၊ အန်တာပရိုက်စ်၊ ရိုမြူလန်၊ ကလင်းဂွန်ဆိုတာတွေ ခေါင်းထဲတန်းဝင်လာကြမှာပါ။ Star Trek franchise က အနာဂတ်ခေတ်ရဲ့ အာကာသခရီးသွားကိစ္စတွေအကြောင်း၊ ဂြိုဟ်သားအင်ပါယာတွေအကြောင်း၊ ခေတ်လွန်နည်းပညာတွေအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ပြနေတဲ့ Franchise ကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ၊ စီးရီးပေါင်းများစွာ ထွက်ရှိထားခဲ့ပြီဖြစ်ပြီး ယခုထပ်မံထွက်ရှိလာတာကတော့ Star Trek: Picard ဆိုတဲ့အမည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး Jean-Luc Picard ရဲ့ နောက်တစ်ဖန်စွန့်စားခန်းတွေကို ရိုက်ကူးတင်ပြထားတဲ့ စီးရီးပါပဲ။ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးပစ်ကာ့၊ စပျစ်ခြံထဲမှာ အေးဆေးအနားယူနေရသော်လည်း ဘဝကို အသက်မဲ့စွာ ဖြတ်သန်းနေရတဲ့သူတစ်ယောက်။ ဒီလို လူပိုသက်သက်တစ်ယောက် ဖြစ်နေရတာကို ငြီးငွေ့လာတဲ့သူဆီ အမျိုးသမီးငယ်လေးတစ်ယောက် ရောက်လာခဲ့တယ်။ လာသူက သူနဲ့မသိကျွမ်းဖူးပါပဲ သူကို အကူအညီ လာတောင်းတဲ့သူ။ သူ ကူညီနေတုန်းမှာပဲ သူ့မျက်စိရှေ့တင် အသတ်ခံလိုက်ရတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းတွေအကြောင်း၊ ဆင်သက်တစ်အသက်လို့ခေါ်တဲ့ အဆင့်လွန်စက်ရုပ်လူသားတွေအကြောင်း အကုန်သိလာရပြီး အရှုပ်ထုပ်ကြီးထဲကို ဝင်ပါရတော့တာပဲ။ File size…350mb Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…40min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…El' Moh Season (02)(03) IMDb Rating - 7.5/10 Star Trek ဇာတ်လိုက်ကျော်ကြီး Jean Luc Picard ရဲ့ စွန့်စားခန်း Season 2 ဆက်လက်ထွက်ရှိလာပါပြီ။ Star Trek ဆိုတာ ဒီနိုင်ငံမှာ Fanbase သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့ Sci-Fic လောကရဲ့ ပထမဆုံးထွက်ခဲ့တဲ့ ဘိုးအေ Franchise ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းတွဲမှာလည်း X Men ထဲက Charles Xavier နဲ့သိကြတဲ့ မင်းသားကြီး Patrick Stewart က ဦးဆောင်ပါဝင်ထားပြီး IMDB မှာလည်း 7.5 ထိရထားပြီး အတော်လေး အခြေအနေကောင်းပါတယ်။ ဇာတ်လမ်းကိုပြောရရင် ...season 1 မှာ ဗိုလ်ကြီး ဂျွန်လု ပစ်ကာ့ အနားယူနေရာကနေ အမျိုးသမီးတစ်ယောက်ကြောင့် စွန့်စားခန်းတွေထွက်ဖြစ်ခဲ့ပြီး နောက်ဆုံး စတားဖလိ အကယ်ဒမီမှာ အဓိပတိတစ်ယောက်ဖြစ်လာခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ ဒီ Season 2 မှာတော့ အင်တာပရိုက် နဲ့ ဖက်ဒရေရှင်းအဖွဲ့တွေ အရင်ကနှိမ်နင်းသုတ် သင်ခဲ့ဖူးတဲ့ ဘို့ဂ်မျိုးနွယ်စုတွေ ပြန်ပေါ်လာခဲ့ပါတယ်။ ဘို့ဂ်ဘုရင်မဟာ ပစ်ကာ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်နေစဉ် ...ပစ်ကာ့ရဲ့ရန်သူဟောင်းကြီးလို့ပြောလို့ရတဲ့ ကျူဟာ အတိတ်ကို ၂၀၂၄ ခုနှစ် အတိတ်ကိုခရီးသွားပြီး သမိုင်းကိုပြောင်းကာ ပစ္စုပ္ပန် ဖြစ်တည်မှုတစ်ခုလုံးကိုပါ ပြောင်းလဲပစ်ပါတော့တယ်။ ဒီလိုပြောင်းလဲမှုကြောင့် ဖက်ဒရေးရှင်းအဖွဲ့ဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ Reality တစ်ခုဖြစ်သွားပြီး မဟာမိတ်ကိုဖက်ဒရေးရှင်းမှာ ပစ်ကာ့ဟာ အာဏာရှင်နိုင်ံငံကြီးရဲ့ ခေါင်းဆောင်ဖြစ်နေပြီး စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်အုပ်စိုးထားတဲ့ နာမည်ဆိုးနဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ အရှိတရားတွေလွဲမှားနေတာကို နားလည်သွားတဲ့ ပစ်ကာ့ဟာ မူလအခြေအနေကိုပြန်သွားနိုင်ဖို့....အချိန်ခရီးသွားမှုတွေနဲ့ စွန့်စားခန်းတွေ လုပ်ဆောင်ရတာကို ကြည့်ရှုရမှာပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File Size - (500 MB) Quality – WEBDL 1080p Duration - 46Min (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Drama Translator – Thiha Yan Naing Encoder – SWM
အပိုင်းများ
30 အပိုင်း၊ season 3 seasonဇာတ်လမ်းအကြောင်း