Innocent Defendant
အပိုင်း (၁ မှ ၁၈) အထိ စ/ဆုံး "ကျွန်တော့်သမီးလေးဘယ်မှာလဲ....ကျွန်တော့်မိန်းမရော....မနေ့က အိမ်မှာကို အခုကျွန်တော်ဘယ်ရောက်နေတာလဲ...." သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်...တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ... မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်... သို့ပေမဲ့ ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့ သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး... သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့ အမှုစစ်တစ်ယောက်....နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကို ကျေနပ်စရာကောင်းခဲ့တာ...ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေ ဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ.... ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ... ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်.....ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်း တကယ်ကိုပွဲကြီ:ပွဲကောင်းပဲ...Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့... Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်.... နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်... အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်....ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝ စိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်....ကြည့်ကြပါလို့.... Episodes: 18 Duration: 60 Min Quality :Web-DL 1080p,720p Genres: Thriller, Mystery, Law,Crime, Drama Translated by Thynn Nu Swe, Hajoon , SORI ,EiPhyu Khin , Chothet_mlmt & Hnin Pale Encoded by Phyo Pyae
အပိုင်းများ
18 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း