ဇာတ်ကားများ ရွေးရန်

Doctor Stranger

2014ဇာတ်လမ်းတွဲအမှတ် 8.1/10

Doctor Stranger (2014) +++++++++++++++++++ အပိုင်း 1 မှ 20 စ/ဆုံး (1080p Quality Update, စာတန်းထိုး Update များနှင့် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်) Doctor Stranger K Drama ဟာ 2014 ခုနှစ်မှာ အပိုင်း ပေါင်း ၂၀ တိတိထုတ်လွှင့်ခဲ့ပါတယ်။ နာမည်ကြီး မင်းသား, မင်းသမီး တွေဖြစ်တဲ့ Lee Jong Suk, Park Hae Jin, Jin Se Yeon နဲ့ Kang Sora တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆေးလောက Drama ဖြစ်ပြန်သလို မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ရဲ့ ဆက်စပ်မှုတွေ နိုင်ငံရေးအပါအဝင် သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေလည်းပါဝင်တော့ Rating အတော်ကောင်းခဲ့တဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ အညွှန်းကတော့ တောင်ကိုရီးယား မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ကြားက တိုင်းရေးပြည်ရေးအရှုပ်အခင်းတွေဖြစ်နေချိန်မှာ နိုင်ငံရဲ့အရေးကို ရှေးရှုတဲ့အနေနဲ့ မြောက်ကိုရီးယား အကြီးအကဲကိုကယ်ဖို့အတွက် ဒေါက်တာ ဘတ်ချောဟာ မြောက်ကိုရီးယားကို ပို့ဆောင်ခြင်းခံလိုက်ရပါတယ်။ သူနဲ့အတူ သူ့သားလေး ဘတ်ဟွန်းကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ဘတ်ဟွန်းဟာ သူ့အဖေလို ဆရာဝန်ဖြစ်ဖို့သင်ယူခဲ့ကာ အသက်ကြီးလာတဲ့အချိန်မှာတော့ တောင်ကိုရီးယားကို ပြန်လာပြီး နာမည်ကြီး ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘတ်ဟွန်းဟာ မြောက်ကိုရီးယားမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ချစ်သူကိုကယ်တင်ဖို့အတွက် ငွေအလုံအလောက်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ကြိုးစားနေရင်း တောင်ကိုရီးယားဘက်မှာ သူ့ချစ်သူနဲ့ တူတဲ့ မိန်းကလေးတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားလိုက်ပါဦးနော်။ Episodes: 20 Aired: May 5, 2014 - Jul 8, 2014 Aired On: Monday, Tuesday Original Network: SBS Duration: 60 min Genres: Thriller, Romance, Drama, Medical Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

40 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 40 အပိုင်း

ဇာတ်လမ်းအကြောင်း