ဇာတ်ကားများ ရွေးရန်

Hymn of Death

2018ဇာတ်လမ်းတွဲအမှတ် 8.3/10

အခု ပြောပြမယ့် series ကတော့ Netflix က ပူပူနွေးနွေးထုတ်ထားတဲ့ Korea Drama series လေးပါ ကိုရီးယား ကားတွေကြည့် ရတဲ့ အနှစ်က အခြားသူတွေတော့ မသိ ကျွန်တော်ကတော့ သမိုင်းနောက်ခံကား တွေလို့ ပဲမြင်မိတယ် အဲ တဖန်ပြန်ပြောရ ရင် နန်းတွင်းကားတွေကတော့ နဲနဲ အီလာတာပေါ့ ကြည့်နေရတာ ဂျူမုံကို ကလေး ဘဝကတည်း ကကိုး အခု ဒီ series လေးက သမိုင်းနောက်ခံကား ပေမယ့် အချစ်အလွမ်းအပြင် ကြေကွဲ စို့နင့်ဖွယ် အနုပညာပါရမီရှင် လူငယ်လေးနှစ်ယောက်အကြောင်းဖြစ်ရပ်မှန် ကို မှီးငြမ်းရိုက်ကူးထားပါတယ် ဇာတ်လမ်းကို 1921 မှာအခြေတည်ထားပါ တယ် ကဗျာတွေ ပြဇာတ်တွေကို ခုံမင်တဲ့ ကင် အူဂျင်းတစ်ယောက် အင်္ဂလိပ်စာလေ့လာဖို့ ကိုယ့်မြေကိုယ့်ရွာကို စွန့်ခွာပြီး တိုင်းတစ်ပါး ဂျပန်ပြည်ကိုရောက်နေတာပေါ့ ကိုယ့်မြေကိုယ့်ရွာလို့ ယတိပြတ်ဆိုလို့တော့ မရပါဘူး ဘာလို့ ဆို ထိုခေတ်အခါက ကိုလိုနီ ဂျပန်က ကိုရီးယားကို သိမ်းယူ ထားတာကိုး ကင်အူဂျင်းတစ်ယောက် တက္ကသိုလ်တက်ဖို့ ရောက်နေချိန်မှာပဲ အဆိုပညာကို တဖက်ကမ်း ခတ်တတ်မြောက်ဖို့ ယွန်ဆင်ဒေါက်ဆိုတဲ့ ကောင်မလေးတစ်ယောက်လဲ ဂျပန်မှာရောက်နေခဲ့တယ် အဆိုပညာမှာ နဂိုကလဲပါရမီရှိပြီးသား ယွန်ဆင်ဒေါက်တစ်ယောက် ကိုယ့်မွေးရပ်မြေ ဂျိုဆန်မှာ ဖျော်ဖြေဖို့ ကင်အူဂျင်းရဲ့ ကမ်းလှမ်းခံ ခဲ့ရပါတယ် တချိန်ကြရင် ကိုရီးယားနိုင်ငံသမိုင်းမှာ ပထမဆုံးအသံမြင့်အဆိုတော်တစ်ယောက် ဖြစ်လာမယ့် ယွန်ဆင်ဒေါက် နဲ့ ပြဇာတ်တွေ တန်ဖိုးထားတတ်တဲ့ ကင်အူဂျင်းတို့ရဲ့ ကြေကွဲဖွယ်တိမ်မြုပ်နေတဲ့ ဇာတ်လမ်းလေး ကို ဘယ်လို အသက်ပြန်သွင်းထားမလဲက တော့ စိတ်ဝင်စားစရာပါပဲ သမိုင်းကိုအခြေခံပြီး ရိုက်တဲ့ကားမို့လို့ တကယ့် history နဲ့ ကွဲလွဲတာတွေရှိမယ် ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲက ထားရှိခဲ့တဲ့ သင်္ကေတ တချို့တဝက်ကိုတော့ ခံစားနိုင်ကောင်းပါရဲ့ အလွမ်းအဆွေး ကိုရီးယားဇာတ်ကားကို မင်းသား မင်းသမီးချောချောလေးတွေနဲ့မှ ကြည့်ချင်တဲ့သူတွေအတွက်လက်မလွှတ် သင့်တဲ့ series ပါ ဘာလို့ဆို မင်းသားလေး ကချောလို့ ကျွန်တော်တောင်ကြွေမိပါတယ် ဒီဇတ်လမ်းတွဲကို ဟိန်းသက်နိုင် နဲ့  ThinZar Htet က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ပဲ ရေးပေးထားပါတယ်

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း