ဇာတ်ကားများ ရွေးရန်

Tarot

2024ဇာတ်လမ်းတွဲ

Tarot (2024) စ/ဆုံး ယနေ့ထွက် Tarot ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်‌ဆက်ပေးချင်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း အော်စကာဆုရထားတဲ့ Parasite ဇာတ်ကားထဲကမင်းသမီးကြီး ဂျိုယောဂျောင်းအပြင် နာမည်ကြီး တီဗီရှိုးဖြစ်တဲ့ Single's Inferno က Dex တို့ဖြစ်တာကြောင့် ကြည့်ရှုသူပရိသတ်စိတ်တိုင်းကျစေမှာသေချာတာမို့ ဒီတစ်ပတ်ကစပြီး ချန်နယ်မြန်မာမှာ အတူတူကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် Horror/Thriller ဇာတ်လမ်းအမျိုးစားဖြစ်တဲ့အပြင် တစ်ပိုင်းချင်းတိုင်းကလည်း မတူညီတဲ့ဇာတ်လမ်း၊ ကာရိုက်တာတွေနဲ့ဖြစ်တာကြောင့် ကြည့်ရှုသူပရိသတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်မှာတော့အသေချာပါပဲ Tarot ဆိုတဲ့ဇာတ်လမ်းနာမည်အတိုင်း တားရော့ကတ်တွေနဲ့ဇာတ်အိမ်ကိုတည်ထားပြီး မတူညီတဲ့အပိုင်းတိုင်းက ကာရိုက်တာတွေရဲ့ တားရော့ကတ်ကိုလက်ခံရရှိပြီးနောက်ပိုင်း ကျိန်စာရဲ့သက်ရောက်မှုကြောင့် နေ့စဉ်ဘဝမှာဘယ်လို ထိတ်လန့်စရာ၊ ကြောက်မက်ဖွယ်ရာတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကိုတော့ Myat Myo Oo မှ ရေးသားပေးထားပါတယ် Drama: Tarot Genres: Thriller, Mystery, Horror Country: South Korea Episodes: 7 Aired: Jun 14, 2024 - ? Aired On: Tuesday Duration: 34 min. Translated by Miri, Thet Hnin & Chothet Encoded by Heather Oo

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း