ဇာတ်ကားများ ရွေးရန်

Find Me in Your Memory

2020ဇာတ်လမ်းတွဲအမှတ် 7.8/10

Find Me in Your Memory (2020) အပိုင်း (1 မှ 16) စ/ဆုံး ဒီတစ်ခါ တင်ဆက်​ပေးမဲ့ ဇာတ်လမ်းတွဲ​လေးက​တော့ The Guest ထဲက မင်းသား Kim Dong Wook နဲ့ True Beauty ထဲက မင်းသမီး Moon Ga Young တို့ အဓိကပါ၀င် သရုပ်​ဆောင်ထားတဲ့ Find Me in Your Memory ဆိုတဲ့ ဇာတ်လမ်းတွဲ​လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- အီ​ဂျောင်ဟွန်း (Kim Dong Wook)က သူ့အစီအစဥ်ကို လာ​ရောက်ပါဝင်တဲ့သူ​တွေရဲ့ အမှား​တွေ ​ထောက်ပြရတာ ကြိုက်တဲ့ HBN သတင်းဌာနရဲ့ လူ့ဂွစာ သတင်း​ကြေညာ​ရေးမှူးတစ်​ယောက်ပဲ ဖြစ်ပါတယ်။ ​ယောဟာဂျင်း (Moon Ga Young) က​တော့ နာမည်ကြီးသရုပ်​ဆောင်​တစ်​​ဦးဖြစ်ပြီး သူတို့နှစ်​ယောက်ဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ဆန့်ကျင်ဘက်ဖြစ်​​နေကြတဲ့သူ​တွေပါ။ အီ​ဂျောင်ဟွန်းဟာ မှတ်ဉာဏ်လွန်ကဲ​ရောဂါရှိပြီး ဘဝတစ်​လျှောက်ဖြစ်ပျက်သမျှ ကိစ္စ​တွေကို ​မေ့လို့မရ​တဲ့သူဖြစ်သလို တစ်ဖက်မှာ​လည်း ​ယောဟာဂျင်းက​ သူမဘဝရဲ့ အ​ရေးပါဆုံး အခိုက်အတန့်ကိုတောင် ​မေ့​နေတဲ့သူပဲဖြစ်ပါတယ်။ ​အမှား​တွေကို ​ထောက်ပြရတာ ကြိုက်တဲ့အီ​ဂျောင်ဟွန်းနဲ့ မင်းသမီး​ယောဟာဂျင်းတို့ နှစ်ယောက်ရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိနေတာလဲ... ယောဟာဂျင်း ​မေ့​​နေတဲ့အ​ခိုက်အတန့်ကရော ဘာများဖြစ်မလဲ.... ဆိုတာကို ကြည့်ရှုရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး​ကိုလည်း တသသ ခံစားကြည့်ရှုရမဲ့ drama​ လေး ဖြစ်တာမလို့ အားလုံးလည်း သ​ဘောကျကြမယ်လို့ထင်ပါတယ်။ (အညွှန်းကိုတော့ Phyu Sin မှ ရေးသားထားပါတယ်။) Aired: Mar 18, 2020 - May 13, 2020   Aired On: Wednesday, Thursday Genres: Romance, Drama, Melodrama Episodes: 16 Original Network: MBC  Translated by Phyu Sin, Esth, Stary, Treasure Htet, Miri & Kaung Htet Encoded by Tiff

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း