ဇာတ်ကားများ ရွေးရန်

Presumed Innocent

2024ဇာတ်လမ်းတွဲအမှတ် 8.1/10

အပိုင်း ( ၁ မှ ၆ ) အထိ Presumed Innocent စီးရီးကတော့ လူသတ်မှုတခုကတဆင့် ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ့ မီနီစီးရီးတစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်‌ဆောင်မင်းသား Jake Gyllenhaal က အစိုးရရှေ့နေ Rusty Sabich နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတော့ အီသီယိုးပီးယား-အိုင်းရှစ်ရှ်မင်းသမီး Ruth Negga က သူ့ရဲ့ဇနီးနေရာကနေ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ တရားခွင်တစ်ခုရဲ့တရားခံနေရာမှာထိုင်နေရသူတိုင်းဟာ တရားသူကြီးက အပြစ်ရှိတယ်လို့စီရင်ချက်မချမချင်း အပြစ်မရှိသူတွေအဖြစ်သာယူဆရမှာဖြစ်ကြောင်း မီးမောင်းထိုးပြချင်တာက ဇာတ်ကားရဲ့ဆိုလိုရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ချီကာဂိုအစိုးရရှေ့နေ Rusty Sabich ကို ဗဟိုပြုထားတဲ့ ဒီစီးရီးမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ မိန်းမလှလေး Carolyn Polhemus ဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အခါ Rusty ဟာ အဓိက လူသတ်သမား တရားခံအနေနဲ့ စွပ်စွဲခံရပါတော့တယ်။ သက်သေအထောက်အထားတွေအားလုံးက Rusty ဟာ လူသတ်တရားခံဖြစ်ကြောင်း သူ့အပေါ်မှာ တဆင့်ပြီးတဆင့် အထပ်ထပ်ချည်နှောင်လာတဲ့အခါ သူတည်ဆောက်ထားတဲ့ မိသားစု၊ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရရှိဖို့ Rusty တယောက် ဘယ်လိုတိုက်ပွဲဝင်သွားမှာလဲ၊ တရားရုံးမှာ သူ့ရဲ့ပြစ်မှုတွေက ပိုပြီးထင်ရှားလာမှာလား၊ ကိုယ်ကျင့်တရား ပျက်ပြားမှုအပေါ် သူ့ရဲ့မိသားစုကရော ဘယ်လိုအတူတကွ ရင်ဆိုင်ပေးသွားမှာလဲဆိုတာ အာဏာ၊ နိုင်ငံရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးသံယောဇဉ်၊ လိင်မှုကိစ္စတွေနဲ့ အဆင့်ဆင့် ချိတ်ဆက်ထားတာကြောင့် ဇာတ်အိမ်ခိုင်မာပြီး ကွင်းဆက်မိမိနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် လျှို့ဝှက်သဲဖို စုံထောက် မှုခင်းစီးရီးကောင်းတခုဖြစ်ပါတယ်။ File Size – 1.19 GB / 456 MB Quality –WEB-DL 1080p 5.1CH , 720p Episodes -  8 Eps Duration -  46 min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime , Drama , Mystery Translator – Zaw Myint & JULY Encoder – Min Wai

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း