ဇာတ်ကားများ ရွေးရန်

The Ark

2023ဇာတ်လမ်းတွဲအမှတ် 6.0/10

The Ark(2023) ဒီတစ်ခေါက်မှာတော့ science fiction နဲ့ mystery ဘက်ကို သွားတဲ့ အမေရိကန် series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ လာမယ့် နှစ်တစ်ရာကျော် အနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားပြီး အာကာသယာဉ်ကြီးတစ်ခုရဲ့ ပေါက်ကွဲမှုနဲ့ အစပြုထားပါတယ်။အဲ့ဒီယာဉ်ရဲ့နာမည်ကတော့ ARK ONE ပါ။ ကမ္ဘာကြီးဟာ လူတွေနေထိုင်ဖို့အတွက် တဖြည်းဖြည်းဆိုးဝါးလာပြီး လူသားမျိုးနွယ်တွေ မကြာခင်မျိုးသုဉ်းသွားနိုင်တာမို့ ကမ္ဘာ့နယ်ပယ် အသီးသီးက အတော်ဆုံးဆိုတဲ့လူတွေကို ARK ONE လို ယာဉ်ကြီးတွေပေါ် တင်ပေးလိုက်ပြီး အခြေချနေထိုင်ဖို့ နယ်မြေအသစ်တွေ ရှာဖွေစေပါတယ်။ အဲ့ဒီလူတွေထဲမှာ စစ်မြေပြင်ကျွမ်းကျင်သူတွေ၊အင်ဂျင်နီယာတွေ၊စိုက်ပျိုးရေးပညာရှင်တွေ၊ အုပ်ချုပ်ရေးပညာရှင်တွေ စသဖြင့် လူမျိုးစုံပါဝင်ပါတယ်။ ဖြစ်ချင်တော့ ARK ONE ဟာ မူလရည်ရွယ်ထားတဲ့ ဂြိုလ်ကို မရောက်ခင်မှာပဲ တစ်စုံတစ်ခုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံလိုက်ရပါတယ်။ အဲ့ဒီပျက်စီးမှုတွေနဲ့အတူ ပါလာတဲ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ သေဆုံးသွားပြီး ဒီစစ်ဆင်ရေးကို ဦးဆောင်မယ့် ခေါင်းဆောင်ပိုင်းတွေပါ အကုန်ပါသွားပါတယ်။ မူလအစီအစဉ်အရ ခရီးဆုံးကိုရောက်မှ နှိုးရမှာဖြစ်တဲ့ လူတွေဟာလည်း ဘာမှမရှိတဲ့ အာကာသဟင်းလင်းပြင်ကြီးအလယ်မှာ နိုးလာခဲ့ပြီး သူတို့ဟာ ခရီးဆုံးကိုရောက်ဖို့ တစ်နှစ်နီးပါး ဆက်သွားရန် လိုသေးကြောင်း နဲ့ နဂိုအစီအစဉ်အတိုင်း ပြင်ဆင်ထားတဲ့ ရေနဲ့အစာဟာ လေးပတ်စာပဲ ရှိတော့ကြောင်း သိလိုက်ရပါတယ်။ ဒီလူတွေဟာ အာကာသဟင်းလင်းပြင်ကြီးအလယ်မှာ ဘယ်လိုတွေရှင်သန်ကြမလဲ ၊ အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ရုန်းကန်ကြံဆကြမလဲဆိုတာ ဒီ series မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Show runner ကတော့ Dean Devlin ဖြစ်ပြီး သူ့လက်ရာတွေထဲမှာ Geostorm , Independence Day, Godzilla စတဲ့ ဇာတ်ကားတွေဟာ လူသိများထင်ရှားပါတယ်။ File Size –  1.06GB  @Episode Quality –  1080p WEB DL Duration – 50 minute (@Episode) Total Episodes: 12 Eps Subtitle – Myanmar Hardsub Format – Mp4 Genre     -   Sci-fi & Fantasy Translator –CM Team Encoder – YK

အပိုင်းများ

24 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း