ဇာတ်ကားများ ရွေးရန်

Punch

2014ဇာတ်လမ်းတွဲအမှတ် 8.3/10

Punch (2014) အပိုင်း (1 မှ 19) စ/ဆုံး အထက်အမှုစစ်ရုံးက Park Jung Hwan က အဂတိလိုက်စားမှု စုံစမ်းရေး အဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ သူ့ရဲ့ရာထူးကို ရဖို့အတွက်တော့ အပေးအယူပေါင်းစုံကို တစ်ဇွတ်ထိုးလုပ်တဲ့သူမျိုးပေါ့။ တစ်နေ့မှာတော့ သူ့မှာ ဦးနှောက်အကြိတ်တည်နေပြီး ရှင်သန်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့မှန်း သိသွားပါတော့တယ်။ သူရဲ့ နောက်ဆုံးအချိန်တွေကို နောင်တမရဘဲ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပြီး အဂတိလိုက်စားတဲ့ အမှုစစ်ချုပ် Lee Tae-Joon ဘက်ကို တရားမျှတမှုရဲ့ သေနတ်ပြောင်းချိန်လိုက်တဲ့အခါ… Park Jung-Hwan ရဲ့ ဇနီးဟောင်းဖြစ်သူ အမှုစစ် Shin Ha-Gyeong ကလည်း ခင်ပွန်းဟောင်းဘက်ကနေ ပါဝင်ကူညီတဲ့အခါမှာတော့... အာဏာကြီးလွန်းလှတဲ့ အမှုစစ်ချုပ် Lee Tae Joon နဲ့ သေမင်းတံခါးဝက အမှန်တရားရဲ့ ဘက်တော်သား Park Jung- Hwanတို့ အကြား ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ K-Dramaပရိသတ်ကြီးကပဲ ခံစားကြည့်ရှုကြပါဦးနော်။ Kim Rae Won, Kim Ah Joong, Jo Jae Hyun တို့လို မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာမို့ အကြိုက်တွေ့စေမှာ‌ အသေအချာပါပဲ။ Aired: Dec 15, 2014 - Feb 17, 2015 Aired On: Monday, Tuesday Genres: Thriller, Drama, Political Duration: 60 mins Episodes: 19 Original Network: SBS Translated by Hnin Wai Oo, Phyu Phyu Thein, Hay Thar Oo, Khine Khine Wai & Thinn Encoded by Tiff

အပိုင်းများ

19 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 19 အပိုင်း

ဇာတ်လမ်းအကြောင်း