ဇာတ်ကားများ ရွေးရန်

Suicide Squad Isekai

2024ဇာတ်လမ်းတွဲအမှတ် 7.2/10

Suicide Squad Isekai (2024) Genre – Anime, Action, Adventure IMDB – 7.3/10 DC Comic ရဲ့ နာမည်ကျော် လူဆိုးကြီးများအဖွဲ့ Suicide Squad ကို Live Action တွေ ကာတွန်းတွေ အသီးသီးထုတ်ခဲ့ကြပြီးတဲ့နောက် ယခုအခါမှာတော့ Warnar Bros Japan ကနေ Spy X Family လို Anime ကောင်းတွေကို ထုတ်လုပ်ပေးခဲ့တဲ့ Wit Studio နဲ့ ပူးပေါင်းပြီး Anime အဖြစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။ Anime အဖြစ် အသက်သွင်းထားရုံတင်မကပဲ Suicide Squad ကို ကမ္ဘာမြေပေါ်က သာမန်စစ်ဆင်ရေးတွေ မလုပ်ခိုင်းတော့ပဲ Anime Genre တွေထဲမှာ လူသိများတဲ့ Isekai (တခြားကမ္ဘာ) ဆိုတဲ့ အမျိုးအစားအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Isekai ဆိုတာ ဘာလဲရှင်းပြရမယ်ဆိုတော့ ကမ္ဘာမြေနဲ့ မတူပဲ နဂါးတွေ ဘီလူးတွေ မှော်ပညာတွေ ရှေးဟောင်းတိုင်းပြည်တွေရှိတဲ့ ဂိမ်းဆန်ဆန် ကမ္ဘာတစ်ခုကို ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။ ခုလက်ရှိ Anime မှာလည်း Suicide Squad ထဲမှာဆို အားလုံးရဲ့ အသည်းကျော် Harley Quinn ပါမယ် ပစ်မှတ်ကို ဘယ်တော့မှ မလွဲမယ့် Dead Shot ကြီး ပါမယ် John Cena အသက်သွင်းပေးထားတဲ့ Peacemaker ကြီးပါမယ် Jame Gunn ရဲ့ကောင်းမှုကြောင့် အူကြောင်ကြောင် ချစ်စရာငါးမန်းကြီး King Shark ပါမယ် နောက်ပြီး Live Action တွေထဲမှာ မပါဝင်သေးတဲ့ ဆရာဘတ်ရဲ့ လူဆိုးတစ်ယောက်ဖြစ်တဲ့ Clayface ရော ပါဝင်ထားပါတယ်။ ဇာတ်လမ်းအရဆိုရင်တော့ ထုံးစံအတိုင်း အစိုးရလူယုတ်မာကြီး Amanda Waller ကနေ ဒီလူ ၅ ယောက်ကို စုစည်းပြီးတော့ လည်ပင်းမှာ ဗုံးတပ်ပေးပြီး Isekai ခေါ် တခြားကမ္ဘာထဲကို စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း တကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ Harley တို့ အုပ်စုလိုက်ကြီး Isekai ထဲမှာ ဘယ်လိုတွေ ပေါက်ကရလုပ်ပြီး စွန့်စားကြမလဲဆိုတာကို တစ်မူထူးခြားပြီး Anime အမြင်လေးနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Season 1 မှာတော့ စုစုပေါင်း အပိုင်း ၁၀ ပိုင်း ပါဝင်မယ်လို့ သိထားရပြီး အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…    534 MB Quality… Web-DL 1080p Format… mp4 Duration…. 25 min Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း