ဇာတ်ကားများ ရွေးရန်

Escape to Homestay

2023ဇာတ်လမ်းတွဲ

Escape to Homestay / လွတ်ငြိမ်းရာအိမ်ကလေး (2023) ထိုင်းဇာတ်လမ်းတွဲတွေထဲကမှ ရှားရှားပါးပါး ထွက်ရှိလာတဲ့ Healing Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌ဘီယာဆိုင်အရှံးပေါ်မှုကြောင့် တော့ပ်က သူငယ်ချင်းတွေဖြစ်တဲ့ ဂန်းနဲ့ ဖလင်ကိုပါခေါ်ပြီး မြို့ပြနဲ့ဝေးရာ အဘွားရှိရာနယ်မြို့လေးဆီ ပြေးထွက်လာပါတော့တယ်။ ကိုယ်စီပြဿနာ အခက်အခဲတွေနဲ့ သူတို့ ၃ ယောက်သား အဘွားရဲ့တည်းခိုအိမ်မှာ စိတ်အနားပေးဖို့လာကြရင်း နယ်မြို့အရာရှိ "တာ"၊ ကော်ဖီဆိုင်ပိုင်ရှင် "ဂျန်" တို့အပြင်၊ သက်တူရွယ်တူ အိမ်ပြေးမလေး "သောင်"၊ တစ်တော့ကာ "ဘဲလ်"တို့နဲ့ သိကျွမ်းလာကြပါတော့တယ်။ မြို့ငယ်လေးမှာ ကိုယ်စီစိတ်အစိုင်အခဲတွေကို ခြေဖျက်ဖို့ ကြိုးစားကြရင်း အဘွားရဲ့ တည်းခိုအိမ်ရိပ်မှာ အေးချမ်းမှု၊ ဆိတ်ငြိမ်မှုကို ရှာကြမယ့် ဇာတ်လမ်းလေးမို့ နယ်မြို့လေးရဲ့ အငွေ့အသက်တွေကို ကိုယ်ပါ ဝင်ခံစားနိုင်မယ့် ဇာတ်လမ်းလေးပါပဲ။ သရုပ်ဆောင်တွေကလည်း အားလုံးနဲ့ မစိမ်းလောက်မယ့် သူတွေမို့ လူငယ်ဒရမ်မာဇာတ်လမ်းကို အပူအလောင်ကင်းကင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Su Myat က ရေးဖထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Su Myat, C'mon, Yin တို့ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat, C'mon, Yin Encoder ..... Aaron

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း