Arthdal Chronicles
Arthdal Chronicles (2019) အပိုင်း (၁ မှ ၁၈) စ/ဆုံး 2019ခုနှစ်မှာ tvN channelမှ ထုတ်လွှင့်ခဲ့ပြီး မင်းသားကြီး Jang Dong-Gun၊ မင်းသား Song Joong-Ki၊ မင်းသမီး Kim Ji-Won နဲ့ Kim Ok-Bin တို့ အဓိကပါဝင်ထားတဲ့ Arthdal Chroniclesဟာ ရှေးခေတ် အာစီဒါလ်ပြည်ထောင်စုကို အခြေပြုပြီး ဖန်တီးထားတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- အွန်းဆောင်းဆိုတဲ့ သွေးနှောကောင်လေးဟာ ကံဆိုးမှုတွေကို ယူဆောင်လာပေးမယ့် ကံကြမ္မာနဲ့ မွေးဖွားလာတာဖြစ်ပြီး သွေးနှောဆိုတဲ့အတိုင်း လူသားတစ်ဝက် နယ်အန်ထာတစ်ဝက်ဖြစ်နေပါတယ်။ အွန်းဆောင်းက မွေးကတည်းက မိခင်ဖြစ်သူနဲ့ လူသားတွေရန်ကို ရှောင်ရှားရင်း အီအာရခ် နယ်မြေမှာ ကြီးပြင်းလာခဲ့ရသလို သွေးနှောတွေကို ကြောက်ရွံ့စက်ဆုပ်ကြတဲ့ အာစီဒါလ်ပြည်ထောင်စုမှာ ထာဂွန်းဟာ အာစီဒါလ်ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို ရထားတဲ့ စစ်သည်သူရဲကောင်းဖြစ်နေပေမဲ့လည်း သွေးနှောဖြစ်နေတဲ့အတွက် လျှို့ဝှက်ပြီး နေလာခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ရက် ထာဂွန်းဟာ အွန်းဆောင်းတို့ ဝါဟန်မျိုးနွယ်စုတွေကို သုံ့ပန်းအဖြစ် ဖမ်းဆောင်းခေါ်ဆောင်သွားရာကနေ အွန်းဆောင်းက ပြန်လိုက်ကယ်ရင်း အွန်းဆောင်းတစ်ယောက် ထာဂွန်းရဲ့ မဟာလျှို့ဝှက်ချက်ကြီးကို သိသွားပါတော့တယ်။ မျိုးနွယ်စုတွေရဲ့ အားပြိုင်မှုတွေ ဘာသာရေးအယူသီးမှုတွေစသည်ဖြင့် နယ်ချဲ့တိုက်ခိုက်မှုတွေ မျိုးနွယ်စုအသေးလေးက အွန်းဆောင်းကရော ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ သူ မသိသေးတဲ့ လျှို့ဝှက်ချက်ကရော ဘာများလဲ.. စသည်တို့ကို သရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်သလို ဘတ်ဂျက်အများကြီးသုံးပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း ဇာတ်ဝင်ခန်းများကို လှလှပပ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Stary မှ ရေးသားထားပါတယ်။) Aired: Jun 1, 2019 - Sep 22, 2019 Aired On: Saturday, Sunday Genres: Historical, Romance, Fantasy, Political Episodes: 18 Original Network: tvN Translated by Stary Phyu, Miri, Treasure Htet, KhinNi & Htoo Htoo Aung Encoded by Tiff Arthdal Chronicles S2(2023) ************************ အပိုင်း (၁ မှ ၁၂) ထိ စ/ဆုံး S2ထွက်လာပါပြီ အရင် Main Cast အချို့မပါခဲ့ဘဲ Lee Joon Gi တို့ Shin Sae Kyeong တို့ အစားထိုးပါဝင်လာပါတယ်...S1မကြည့်ရသေးတဲ့သူတွေတော့ ကြည့်ဖို့မပြေလောက်ပါဘူး.. ဒါ့ကြောင့် S1ကြည့်ဖို့တိုက်တွန်းချင်ပါတယ်...အညွှန်းကိုတော့ S2စပွိုင်လာဖြစ်မှာစိုးလို့ S1ကဟာကိုပဲ ပြန်လည်ကူးယူထားပါတယ်... ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာ လောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။ Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့ သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ..... တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းက ထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။ သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။ Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူ Tan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး တာဂွန် ချစ်မြတ်နိုးတဲ့သူလဲဖြစ်ပါတယ်။ S2မှာဘယ်လိုတွေဆက်နွယ်ပြီးကြမ်းပြမလဲဆိုတာကိုတော့ ရင်ခုန်ခံစားကြည့်ကြပါ... Episodes: 12 Aired: Sep 9, 2023 - Oct 15, 2023 Aired On: Saturday, Sunday Original Network: Disney+, tvN Duration: 1 hr. 10 min. Genres: Historical, Romance, Fantasy, Political Subtitle__Myanmar Subtitle (Hardsub) Translated by Miri, Tiff, Hnin Wai Oo, Hana & Ki Nni Encoded by Phyo Pyae
အပိုင်းများ
30 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း