ဇာတ်ကားများ ရွေးရန်

Claymore

2007ဇာတ်လမ်းတွဲအမှတ် 8.2/10

Claymore ဟာ Manga မှာကော Animation မှာပါအောင်မြင်မှု့ရရှိခဲ့တဲ့ Action ဇာတ်လမ်းတွဲဖြစ်ပြီး IMDB Rating 8.1 အထိရရှိထားပါတယ်... ဇာတ်လမ်းတွဲပုံစံကတော့ လူသားစားမကောင်းဆိုးဝါးသတ္တဝါများ မကောင်းဆိုးဝါးများကျက်စားရာ ဒေသများမှ ရွာများကိုအခကြေးငွေယူပြီး မကောင်းဆိုးဝါးများကိုသုတ်သင်ပေးတဲ့ ဓါးသမားအဖွဲ့အကြောင်းပဲဖြစ်ပါတယ်... ဓါးသမားများဆိုပေမယ့် အဖွဲ့ဝင်အားလုံးမာမိန်းကလေးများ ဖြစ်နေသည်ကတော့ ထူးဆန်းဖွယ်ရာတစ်ခုပဲဖြစ်ပါတယ်.... ဒီဓားသမားမိန်းမချောလေးတွေဟာ သာမာန်လူသားတွေထက် အဆပေါင်းများစွာခွန်အားကြီးကြပါတယ်... သူတို့ရဲ့ဟာ လူသားစားမကောင်းဆိုးဝါးကောင်တွေကိုဖယ်ရှားပေးဖို့  အခကြေးငွေယူပြီးသတ်ပေးရတဲ့ ဓားသမားတွေပဲဖြစ်ပါတယ်... လူသားတိုင်း သူတို့လာတာနဲ့အလိုလိုကြောက်ကြရပါတယ်.... ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကလဲ လူတပိုင်းမကောင်းဆိုးဝါးတစ်ပိုင်းဖြစ်နေလို့ပါပဲ... ဒါကြောင့်သူတို့ဟာ သူတို့ရဲ့မကောင်းဆိုးဝါးအစွမ်းတွေကိုအဆုံးထိရောက်အောင်မထုတ်မိကြဖို့ အမြဲဂရုစိုက်ရပါတယ်....တကယ်လို့သူတို့မကောင်းဆိုးဝါးအစွမ်းကိုအဆုံးထိရောက်အောင် သုံးမိသွားတဲ့အခါ မကောင်းဆိုးဝါးလုံးလုံးဖြစ်သွားပြီး အဖွဲ့ဝင်အချင်းချင်းသုတ်သင်တာကိုခံရပါတယ်.... နောက်ပြီးသူတို့တွေဟာ လူသားတွေကိုလည်းသတ်ခွင့်မရှိပါဘူး... မတော်တဆသူတို့သတ်မိသွားရင်လည်း အဖွဲ့ဝင်အချင်းချင်းသုတ်သင်တာကိုခံရပါတယ်... ဘဝရဲ့ဇာတ်ကြောင်းများစွာကိုထည့်သွင်းပြီးတင်ဆက်ထားတဲ့ ဒီစီးရီးဟာ အပိုင်းတစ်ပိုင်းလောက်ကြည့်လိုက်မိရုံနဲ့ နောက်အပိုင်းတွေကို ဆက်တိုက်ကြည့်ချင်စိတ်ရှိလာအောင်ရိုက်ကူးထားတဲ့ အကောင်းဆုံး Animation အမျိုးစားထဲမှာပါပါတယ်... ဒါကြောင့် Channel Myanmar Animation Fan တွေအတွက်ကြည့်ဖို့တကယ်သင့်တဲ့ Animation Series တစ်ခုဖြစ်တယ်လို့ ညွှန်းလိုက်ပါရစေ... Translators....CM Animation Team Encoders.....Thit San Khant & Moe Myint Lwin

အပိုင်းများ

26 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 26 အပိုင်း

ဇာတ်လမ်းအကြောင်း