ဇာတ်ကားများ ရွေးရန်

The Elusive Samurai

2024ဇာတ်လမ်းတွဲအမှတ် 8.5/10

The Elusive Samurai (2024) Genre – Anime, Adventure, Comedy IMDb – 8.7/10 MyAnimeList – 7.7/10 “မျောက်လွှဲကျော် ဆာမူရိုင်းလေး” လာပါပြီ။ ဟုတ်ပါတယ် Anime ချစ်သူတွေအတွက် Demon Slayer Hashira Arc အပြီးမှာ အသစ်ထွက်ရှိလာခဲ့တဲ့ ဟိုးရှေးတုန်းက Shogunခေတ် အခြေခံ ဆာမူရိုင်း စွန့်စားခန်း Anime လေးပဲ ဖြစ်ပါတယ်။ အပိုင်း ၁ သာ ထွက်ရှိထားသေးပေမဲ့ ဇာတ်လမ်းဇာတ်အိမ်လေး ကောင်းနေတာရယ် ရုပ်ထွက်လေးတွေက ချစ်စရာကောင်းတာရယ် ဟာသလေးတွေ ပါဝင်တာရယ် စိတ်ဝင်စားဖို့ကောင်းတာရယ်ကြောင့် ချက်ချင်း ပြန်ပေးလိုက်ပြီး တစ်ပတ်တစ်ပိုင်း ပုံမှန် တင်ဆက်ပေးသွားမှာပါ။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီစီးရီးရဲ့ မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ဆာမူရိုင်းတစ်ယောက်ကို အခြေခံထားတယ်လို့ ဆိုပါတယ် ဇာတ်ကောင်နာမည်ကလည်း ဒါပါပဲ။ ဇာတ်လမ်းလေးက အကျဉ်းပြောပြရမယ်ဆို ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြို့ကနေ အုပ်ချုပ်နေတဲ့ Shogun တစ်ယောက်ရှိတယ်ပေါ့။ သူက ပြောရမယ်ဆို အရည်အချင်းမရှိတဲ့ ရုပ်သေးသာသာ Shogun ပါ။ ဒီလိုပြောလို့ သူ့ရဲ့၈ နှစ်အရွယ် သားဖြစ်သူ Tokiyuki ကလည်း ပြေးလွှားရတာရယ် ပုန်းတာရယ်ကလွဲပြီး တခြားအရည်အချင်းမရှိတဲ့ ဆာမူရိုင်းလောင်းလျာလေးပါ။ သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနေရာ ဆက်ခံဖို့ထက် တိုင်းပြည်မှာအေးချမ်းသာယာနေရင်ပြီးရောဆိုပြီး ဂုဏ်မမက်တဲ့လူလေးပေါ့။ တစ်ရက်မှာ သူတို့အားကိုးယုံကြည်ရတဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ဟာ ပုန်ကန်နေတဲ့ အင်ပါယာကို သွားချေမှုန်းမယ်ဆိုပြီး တကယ်တမ်းတော့ အဲဒီအင်ပါယာနဲ့ ပူးပေါင်းပြီး သစ္စာဖောက်ခဲ့ပါတယ်။ ပြီးတော့ ဒီ Kamakura မြို့လေးကိုလည်း သစ္စာဖောက်စစ်တပ်နဲ့အတူ အကုန်သတ်ဖြတ် မီးရှို့ဖျက်ဆီးလိုက်ချိန် အနာဂတ်ကို ကြိုမြင်နိုင်စွမ်း ရှိတယ်ဆိုတဲ့နတ်ဆရာတစ်ယောက်နဲ့ သူ့သမီးဖြစ်သူဟာ Tokiyuki ကို ကယ်တင်ပေးခဲ့ပြီး ဖအေနဲ့ တိုင်းပြည်ကိုဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ ရန်သူကို ပြန်လက်စားချေဖို့အတွက် စွန့်စားခန်းတွေထွက်ကြ မဟာမိတ်တွေရှာကြသန်မာအောင်လုပ်ကြပြီး ဘယ်လိုပြန်သိမ်းပိုက်မလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကြည့်ပြီးတဲ့အချိန် မျောက်လွှဲကျော်လေးနဲ့ တူလို့ မျောက်လွှဲကျော် ဆာမူရိုင်းလေးလို့ နာမည်ပေးလိုက်ပါတယ်ဗျာ။ File size…    437 MB Quality… WEB-DL 1080p Format… mp4 Duration…. 24 min Genre ..... Animation / Adventure / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

အပိုင်းများ

24 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း