ဇာတ်ကားများ ရွေးရန်

The Last Empress

2018ဇာတ်လမ်းတွဲအမှတ် 5.7/10

The Last Empress (2018) ဇာတ်လမ်းအညွှန်း အိုဆွန်းနီက တေးသရုပ်ဖော်ပြဇာတ်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး တက်တက်ကြွကြွနေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ် ဒီလိုနဲ့ တစ်နေ့မှာတော့ တောင်ကိုးရီးယားအင်ပါယာနိုင်ငံတော်ရဲ့ ဘုရင်ဖြစ်တဲ့ အီဟျော့နဲ့ ထိမ်းမြားလက်ဆက်ဖို့အကြောင်းဖန်လာပါတော့တယ်။ အိုဆွန်းနီတစ်ယောက် မိဖုရားတစ်ပါးအဖြစ်နဲ့ ဘုရင့်ဆီက အချစ်တွေရပြီလို့ ထင်နေတဲ့အချိန်မှာပဲ လင်တော်မောင်ဖြစ်တဲ့ ဘုရင်နဲ့အတွင်းရေးမှူးမလေးတို့ ဖောက်ပြန်နေတာကို သိရှိခဲ့ရပါတယ် အဲဒီလိုသိသွားတဲ့ အိုဆွန်းနီကို ဘုရင်အီဟျော့က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ပါတော့တယ်။ နာဝမ်ရှစ်ကတော့ ဘုရင့်ရဲ့အယုံကြည်ရဆုံး သက်တော်စောင့်တစ်ဖြစ်လဲ သူ့အမေရဲ့သေဆုံးမှုအတွက် တာဝန်ရှိသူကို ကလဲ့စားချေဖို့ နန်းတွင်းထဲကို ဝင်လာခဲ့သူပဲဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုရင်နဲ့ဖောက်ပြန်နေတဲ့ အတွင်းရေးမှူးက သူ့ကိုအရင်က သစ္စာဖောက်ခဲ့တဲ့ရည်းစားဟောင်းဖြစ်နေခဲ့ပြီး သူ့အမေကို သေအောင်လုပ်ခဲ့တဲ့သူက အာဏာကို လက်တစ်လုံးခြားလုပ်နေတဲ့ ဘုရင်အီဟျော့ဆိုတာကို သိသွားတဲ့အခါမှာတော့.... သေရွာက ပြန်ရှင်လာတဲ့ မိဖုရားအိုဆွန်းနီနဲ့ သက်တော်စောင့် နာဝမ်ရှစ်တို့ ပူးပေါင်းပြီး တစ်ယူသန် ဘုရင်စနစ်ကို ဘယ်လိုဖျက်ဆီးသွားကြမလဲ၊ ဘုရင့်နန်းတော်ထဲမှာရှိနေတဲ့ တခြားတခြားသောလျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ရှေ့ပြေး ဘုရင်စနစ်ပုံစံပုံဖော်ပြီး ရိုက်ကူးထားတာဖြစ်တာမို့ တခြားနန်းတွင်းကားတွေနဲ့မတူတဲ့ခံစားချက်နဲ့ ကြည့်ရှုသွားရမှာပါ။ မိဖုရားအိုဆွန်းနီအဖြစ်ကတော့ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းတော်တဲ့ မမ Jan Nara, သက်တော်စောင့် နာဝမ်ရှစ်အဖြစ် ယခုလက်ရှိထွက်လွှင့်ပြသနေဆဲဖြစ်တဲ့ Miss Day and Night ထဲက မင်းသား Choi JinHyuk နဲ့ ခေတ်သစ်ဘုရင်အဖြစ် အားလုံးသိပြီးသားဖြစ်တဲ့ Perfume, Vagabond ထဲက မင်းသား Shin Sung-rok တို့က ပါဝင်အားဖြည့်ထားပါတယ်။ အညွှန်းကို Hsu Pyae မှ ရေးသားပေးထားပါတယ် Episodes: 26 Aired: Nov 21, 2018 - Feb 21, 2019 Aired On: Wednesday, Thursday Original Network: SBS Duration: 60 mins Genres: Action, Thriller, Mystery, Romance Translated by Phyu Sin, Eric Vanessa, Stary Hsu Pyae, Su Sandi & Htoo Htoo Aung Encoded by AHtet

အပိုင်းများ

26 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 26 အပိုင်း

ဇာတ်လမ်းအကြောင်း