ဇာတ်ကားများ ရွေးရန်

Tell Me What You Saw

2020ဇာတ်လမ်းတွဲအမှတ် 7.2/10

Tell me what you saw (2020) ကိုရီးယားဇာတ်လမ်းတွဲကိုမှ Thriller အမျိုးအစားကို ကြိုက်နှစ်သက်သူများအတွက် ဇာတ်လမ်းတွဲကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ .... မြင်မြင်သမျှကို ဓာတ်ပုံရိုက်ထားသလို မှတ်မိတဲ့ Photographic Memory ကို ပိုင်ဆိုင်ထားသူ ချာဆူယောင်းက ငယ်ရွယ်စဉ်ကလေးဘဝမှာ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ ဆုံးရှုံးလိုက်ရတဲ့နေ့ကလည်း ထူးထူးခြားခြား မိုးတွေရွာတဲ့နေ့တစ်နေ့ ဖြစ်နေခဲ့ပါတယ်။ တစ်နေ့တော့ သူ တာဝန်ထမ်းဆောင်နေတဲ့ရွာမှာ အလောင်းတစ်လောင်းကို လက်ဆွဲသေတ္တာနဲ့ စွန့်ပစ်ထားတာကို တွေ့ရပါတော့တယ်။ အဲဒီအထဲက ပူရှိန်းသကြားလုံးတစ်လုံး ပါလာပါတယ်။ အရင်ကလည်း ပူရှိန်းသကြားလုံးတစ်လုံးနဲ့ လူသတ်ပြီး ချန်ခဲ့တဲ့ ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား ဆိုတာ ရှိခဲ့ပါတယ်။ အခု ဖြစ်ရပ်ကတော့ ၅ နှစ်အကြာမှာ ထပ်မံပေါ်ပေါက်လာတာပါ။ ဒေသဆိုင်ရာစုံစမ်းရေးအဖွဲ့လို အထူးအဖွဲ့တွေ ပါ ပါဝင်လာချိန်မှာတော့ ဇာတ်လမ်းက ရှုပ်ထွေးလာပါတော့တယ်။ "ပူရှိန်းသကြားလုံး" ကရော လူသတ်မှုနဲ့ ဘယ်လိုပတ်သတ်နေလဲ။ လွန်ခဲ့တဲ့ ၅ နှစ်က သေဆုံးသွားပြီလို့ ထင်ထားခဲ့တဲ့ "ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား" က တကယ်ပဲ မသေသေးတာလား ဒါမှမဟုတ် အတုခိုးပြီး လိုက်သတ်တဲ့ လူသတ်သမားလား ဆိုတဲ့ ပဟေဠိများစွာကို ဇာတ်လမ်းနဲ့အတူ စီးမျောရင်း ရင်ခုန်ခံစားနိုင်မယ့် ကိုရီးယားစုံထောက် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ အညွှန်းကိုတော့ Leonard Lin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Leonard Lin, Loon Swal Eain, Roman NoX, Thwal Yadi တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Drama, Mystery, Crime Quality….WEB-DL 1080p and 720p File size…900MB and 450MB Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hardsub) Translator ..... Leonard Lin, Loon Swal Eain, Roman NoX, Thwal Yadi Encoder .....August

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း