ဇာတ်ကားများ ရွေးရန်

Love's Rebellion

2024ဇာတ်လမ်းတွဲ

တရုတ်နတ်ကား‌တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် love's Rebellion ဆိုတဲ့ရှန်းရှဇာတ်လမ်းကောင်းလေးတစ်ကား ထွက်ရှိလို့လာပါပြီနော် ။ ဇာတ်ကားလေးကတော့ နာမည်ကြီးစာရေးဆရာမတစ်ဦးဖြစ်တဲ့ Yidai Xue ရဲ့ " I have three dragon childhood sweethearts " ဆိုတဲ့ ဝတ္ထုလေးကနေ ကောက်နုတ်တင်ဆက်ထားတာပြီး မင်းသမီး ကျန်းထင် ၊ ဟိုတလောလေးကမှပြီးသွားတဲ့ Royal Princess ကားရဲ့ မင်းသားကျန်းလင်ဟယ့်တို့ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ‌အမေဖြစ်သူကိုကယ်တင်ဖို့အတွက် မသေမျိုးကမ္ဘာမှာ ခရီးထွက်ဖို့အကြောင်းဖန်လာတဲ့ သမားတော်မလေး နန်ယန်ကနေ ဒီဇာတ်လမ်း‌လေးစတင်ဖြစ်လာခဲ့ပါတယ် ။ နောက်တော့အကြောင်းတိုက်ဆိုင်စွာနဲ့ အကြောင်းအရင်းတစ်ခုကြောင့် ဇစ်မြစ်အမှန်ကိုဖုံးကွယ်ထားတဲ့ ပင်လယ်လေးခုရဲ့ဧကရာဇ်ဖြစ်သူ ကျီးယန်နဲ့ စိတ်ဝိညာဉ်ထုံးဖွဲ့မှုတစ်ခုလုပ်ဖြစ်သွားတော့တယ် ။ ဒီလိုနဲ့ အစပိုင်းမှာ မတည့်အတူနေ စိတ်သဘောထားခြင်း မိုးနဲ့မြေလိုကွာခြားနေတဲ့သူတို့နှစ်ယောက်ဟာ နန်ယန်ရဲ့အမေဖြစ်သူရဲ့ နာမကျန်းဖြစ်မှုကိုစုံစမ်းကြရင်း မသေမျိုးလောကရဲ့ အရှုပ်တော်ပုံထဲ ဝင်ပါမိသွားချိန်မှာတော့... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းစွာနဲ့လိုက်ပါစီးမြောလိုက်ကြပါအုံးနော် ။ Quality : WEB-DL 720p, 1080p Total Episodes : 36 Format : mp4 Genres : Mystery, Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK

အပိုင်းများ

36 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 36 အပိုင်း

ဇာတ်လမ်းအကြောင်း