Scam 2003: The Telgi Story
(IMDb 8.1/10) အလိမ်အညာဘုရင် လူတကာမျက်ခုံးမွှေး စင်္ကြံလျှောက်တဲ့ လီယိုနာဒိုရဲ့ အက်ဘီးနေးလ်ဂျူနီယာဇာတ်လမ်း catch me if you can ကို မှတ်မိကြလားမသိဘူး ခုဇာတ်လမ်းလေးကလဲ အဲဒီလိုဖြစ်ရပ်မှန်အခြေခံ လူလိမ်ဇာတ်လမ်းကို စီးရီးနဲ့ အဝကြည့်ရမှာပါ အမေရိကန်များ ခဏနေပါ အိန္ဒိယမှာလည်း အဲ့လိုတစ်နိုင်ငံလုံးဂျင်းထည့်ပြီးတော့ လိမ်စားခဲ့တဲ့ ဖိုးတွမ်တီးဘုရင်တွေရှိပါတယ် ဘဝမှာအမြင့်ဆုံးကိုခုန်တက်ချင်ရင် စွန့်စားရတယ်တဲ့ ပိုက်ဆံဆိုတာ ရှာမယူရဘူး လုပ်ယူရတဲ့အရာပါတဲ့ ဒါ ဒီထဲက အဓိကဇာတ်ဆောင် ဆရာကြီး အဘ်ဒူလ်တယ်ဂီက ပြောတာပါ သူက ၂၀၀၃ ခုနှစ်မှာ တံဆိပ်ခေါင်းတွေ အတုလုပ် ပတ်စ်ပို့တွေပါအတုလုပ်ပြီး နေရာအသီးသီး လူအသီးသီး ရာထူးအဆင့်ဆင့်ကို ဂျင်းပေါင်းစုံကျွေးပြီး တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာငွေကို ဖြတ်စားလတ်စား ကတုံးပေါ်ထိပ်ကွက်ခဲ့တာပါ သူက ခါနာပူရ်က ရထားတွဲလေးပေါ်မှာ စီးပွားရေးဘွဲ့ကြီးယူ သစ်သီးရောင်းစားရာကနေ ကိုယ့်ဘဝကြီးကို မခံချင်စိတ်အပြည့်နဲ့ စီးပွားရေးပညာကို လက်တွေ့အသုံးချလိုက်တာ ဝန်ကြီးပါမကျန် အောက်က ပြာတာအဆုံး အကုန်လုံးပါ သူ့တော်ကီနဲ့အချုပ်ခံ ရူပီးကို ကုဋေနဲ့ချီပြီးကို နိုင်ငံ့ဘဏ္ဍာကနေ ထိုင်ဘုန်းပါတော့တယ် အဲ့လို ဆရာသမားရဲ့ ဉာဏ်သွားပုံကို ပရိသတ်အားလုံး လိမ်စားမယ်ဆိုရင်လဲ ပညာလေးယူ ဖိုးတွမ်တီးမလုပ်ချင်ရင်လဲ ကိုယ်ဂျင်းအထည့်မခံရအောင် ကြည့်ကိုကြည့်ရမယ် စီးရီးလေးဆိုတာ လက်တို့ပေးရင်း တင်ဆက်ပေးလိုက်ရပါတယ် ဒီစီးရီးရှေ့မှာ 2020 က ထွက်ခဲ့တဲ့ Scam S1 ကလဲ ဒီထဲကဂျင်းကောင်လိုပဲ တစ်နိုင်ငံလုံးရဲ့ စတော့တွေကို ဂျင်းထည့်လိမ်စားလာတဲ့သူတစ်ယောက်အကြောင်း ဖြစ်ပါတယ် အဲဒီတော့ခုစီးရီးက အိန္ဒိယလူလိမ်ကြီးများ season 2 လို့ညွှန်းဆိုပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်.. Quality :1080 p /720p Total Episodes : 5Eps Format : mp4 Genres :Drama~ Crime Duration : 50mins Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Bollywood Team Encoded by YK
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း