ဇာတ်ကားများ ရွေးရန်

I Feel You Linger in the Air

2023ဇာတ်လမ်းတွဲအမှတ် 9.4/10

I Feel Your Linger in the Air / စကားပွင့်ဝေ ချစ်သက်သေ (2023) "အချစ်သာစစ်မှန်နေမယ်ဆိုရင် အချိန်တွေခြားနေရင်တောင် ဆုံစည်းခွင့်ရနိုင်မှာပါ" မြစ်ကမ်းနံဘေးကအိမ်ဟောင်းကို ပြန်လည်ပြုပြင်ဖို့ အလုပ်လက်ခံလိုက်ထဲက ဂျုမ်ရဲ့အာရုံမှာ ဝိုးတဝါးပေါ်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံရိပ်၊ အိမ်ထဲမှာတွေ့ရတဲ့ထူးဆန်းတဲ့သစ်သားတစ်လုံးနဲ့ ဒီအိမ်ကြီးနဲ့ရင်းနှီးနေတဲ့ သူ့ရဲ့မသိစိတ်ကြောင့် ဂျုမ်တစ်ယောက် ခေါင်းရှုပ်နေရတာပေါ့။ ဒါပေမဲ့လည်း UKကနေပြန်လာမယ့် ချစ်ရသူအုမ်နဲ့ တွေ့ရတော့မယ်ဆိုတဲ့အတွေးကသာ ကြီးစိုးနေတာကြောင့် ဒီအိမ်ကြီးနဲ့သူရဲ့ဆက်နွယ်မှုတွေကို သိပ်စိတ်ထဲမရောက်ခဲ့ပါဘူး။ ဒါပေမဲ့ အုမ်ကတော့ ဂျုမ်ကိုပေးခဲ့တဲ့ကတိတွေကိုချိုးဖျက်လို့ သစ်စိမ်းချိုးချိုးပြီး လက်ထပ်တော့မယ်ဆိုတဲ့သတင်းဆိုးနဲ့အတူ ပြန်လာတာဖြစ်နေတဲ့အခါ ... ၂ နှစ်တိတိ မျှော်လင့်ချက်တွေပေးခံရပြီးမှ သစ္စာဖောက်ခံရမှုကြောင့် ကိုယ်ရောစိတ်ပါပြိုလဲသွားတဲ့ဂျုမ်တစ်ယောက် မတော်တဆမှုပါထပ်ဖြစ်ပြီးတော့ မျောသွားပါတော့တယ်။ "ဘဝသစ်တစ်ခုရဲ့အစသာ ဖြစ်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့ဘဝခရီးလမ်းကို ပိုင်ဆိုင်ပါရစေ"ဆိုတဲ့ တီးတိုးဆုတောင်းသံလေးနဲ့ ပြန်လည်နိုးထလာချိန်မှာတော့ ၁၉၂၀ ခုနှစ် ချင်းမိုင်မြို့မှာ ဂျုမ်တစ်ယောက် ပြန်လည်နိုးထလာပါတော့တယ်။ ကံဆိုးခြင်းတွေကို ရင်ဝယ်ပိုက်ခဲ့ရတဲ့ဂျုမ်ကို ကံကောင်းခြင်းတွေဆောင်ကျဉ်းပေးမယ့်ဖူးစာရှင်နဲ့ ၁၉၂၀ မှာ ဆုံစည်းနိုင်မလား။ ဂျုမ်ရဲ့ဆုတောင်းကရော ပြည့်ဝနိုင်မလားဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Summer, Thada, Kong တို့ပဲ ဖြစ်ပါတယ်။ Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration….50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Summer, Thada, Kong Encoder ..... Aaron

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း