ဇာတ်ကားများ ရွေးရန်

Castlevania: Nocturne

2023ဇာတ်လမ်းတွဲအမှတ် 7.8/10

IMDb Rating - 7.5/10 Rotten Tomatoes 100% များ​​သောအားဖြင့်ဇာတ်လမ်းတစ်ခု​ပေါက်လို့ ​နောက်ဆက်တွဲ​​တွေ ဆက်ထုတ်ရင် ဂွမ်းတာများ​ပေမဲ့ ဒီစီးရီးက​တော့ ပထမစီးရီးကို​ကောင်း​ကောင်းကြီးယှဥ်နိုင်တဲ့အ​နေ အထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာ​တော့ ပထမစီးရီးကအဖြစ်အပျက်ပြီး နှစ်​ပေါင်းသုံးရာအကြာ ပြင်သစ်​နိုင်ငံရဲ့​တော်လှန်​ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။ ​ မြန်မာ​တွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူ​တွေငတ်ပြတ်​နေလို့ ​ပေါင်မုန့်​တောင် စာစရာ မရှိဘူးဆိုပြီး ဘုရင်ကို​တောင်းဆိုချိန်မှာ ​ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီး​ဘုရင်မက ပြောခဲ့ရာက​နေ လူထုအုံကြွမှုပိုဆိုးသွားပြီး ​နောက်ဆုံး ပြည်သူ​တွေဟာ နန်း​တော်ထဲ အထိဝင်စီးကာ ​ဘုရင်ကို​ရော၊ ဘုရင်မကိုပါ ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မ Marie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။ ပြင်သစ်​တော်လှန်​ရေးအ​ကြောင်းကိုအကြမ်းဖျင်း​လေ​ပေါပြရရင်​တော့ ပြင်သစ် တော် လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ - ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်း မှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်း က ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် စနစ်ကိုတွန်းလှန်ခဲ့ပြီးလူတိုင်း တန်းတူ အခွင့်အရေး ရှိသည့် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းနိုင်ခဲ့ပါတယ်။ ​တော်လှန်​ရေးစတင်ဖြစ်ပွား​စေတဲ့ အ​ကြောင်းအရင်းက​တော့ ပြင်သစ်ဘုရင် လူဝီ၁၄ရဲ့ အသုံးအဖြုန်းကြီးပြီး သြဇာအာဏာ ကြီးမားချင်ရာက​နေ အိမ်နီးချင်းတိုင်းပြည်​တွေကိုစစ်ခနခနတိုက်လို့ စစ်စရိတ်​ထောင်းပြီး အခွန်​တွေတိုး​ကောက်၊ ကုန်​စျေးနှုန်း​တွေစကြီးလာတာ​ကြောင့်ပါ။ ​နောက်တက်တဲ့ဘုရင်​ တွေဖြစ်တဲ့ လူဝီ၁၅၊ လူဝီ၁၆တို့ဟာလည်း အသုံးအဖြုန်းကြီးတဲ့ဘုရင်​တွေပါပဲ။ ပြည်သူ​ တွေမွဲသထက်မွဲလာပြီး ပြည်သူ​တွေရဲ့အ​ခြေအ​နေကပိုဆိုးလာပါတယ်။ ဘုရင်ကိုကပ်ဖား နေတဲ့မှူးမတ်​တွေနဲ့ ကတ်သလစ်ဘုန်းကြီး​တွေကလည်း ​မြေ​တွေကိုအများကြီးရယူထားပြီး အခွန်မ​ဆောင်ကြ​တော့ အ​ခြေအ​နေကပိုဆိုးလာပါတယ်။ နယ်စားမြို့စား​တွေဘာလုပ်လုပ် ပြည်သူဘက်က တရားပြန်စွဲဆိုခွင့်မရှိ​တော့ မ​ကျေနပ်ချက်​တွေလည်းပိုများလာတယ်​လေ။ အဲ့ဒီကာလမှာ ပြည်သူ​တွေကို အသိဥာဏ်ဖွင့်​ပေးတဲ့ပညာရှိစာ​ရေးဆရာတွေဖြစ်တဲ့ ​ဗော်လ တဲယား၊ မွန်တက်စကျူး၊ ရူးဆိုးတို့ရဲ့လမ်းပြ​ပေးမှု​ကြောင့် ဘုရင်ဆိုတဲ့​ကောင်​တွေဟာ နတ် သိကြား​တွေလည်းမဟုတ်၊ မိုးကျ​ရွှေကိုယ်​တွေလည်းမဟုတ်တာကို ပြည်သူ​တွေဟာ ပိုပိုပြီး သ​ဘော​ပေါက်လာကြပြီး အုပ်ချုပ်​ရေးပိုင်းမှာလည်း ပြည်သူ​တွေပါခွင့်ရှိ​ကြောင်းသိလာရသလို အရမ်းကိုနုံချာစုတ်ပြတ်​နေတဲ့မိမိတို့အ​ခြေအ​နေကိုပါသတိပြုလာကြတယ်။ ​နောက်​တော့ ၁၇၈၉မှာ ဘုရင်ဆိုတဲ့​ကောင်ဟာ သူသုံးဖြုန်းနေတာကိုကာမိဖို့အခွန်တိုး​ကောက်ဖို့အတွက် အစည်းအ​ဝေး​​ခေါ်တယ်။ ပြည်သူ့ကိုယ်စားလှယ်​တွေက ကန့်ကွက်တယ်။ ဘုရင်က စစ်တပ်နဲ့ ချိန်း​ခြောက်တယ်။ ပြည်သူ့ကိုယ်စားလှယ်​တွေက လွှတ်​တော်က​နေထွက်ပြီး စင်ပြိုင်လွှတ်​ တော်​ထောင်တယ်။ ​ခြေဥအသစ်​ရေးဆွဲပြီးတဲ့အထိ လွှတ်​​တော်ကိုမဖျက်သိမ်းဘူးလို့ကျိန်ဆို ကြတယ်။ ဘုရင့်လွှတ်​တော်က တခြားလွှတ်​တော်ကိုယ်စားလှယ်​တွေလည်းအမြင်မှန်ရပြီး လာပူး​ပေါင်းတယ်။ ​နောက်ဆုံး​တော့ ပြည်သူ​တွေရဲ့လွှတ်​တော်ကိုဘုရင်က အသိအမှတ်ပြု ရတယ်။ ဒါ​ပေမဲ့ အင်အားသုံးဖြိုခွဲဖို့ကို​တော့ဆက်လုပ်တယ်။ လွှတ်​တော်ရဲ့ဝန်ကြီးချုပ်ကို ဖြုတ်ပစ်တယ်။ အဲ့ဒီအခါမှာ​တော့ ပြည်သူ​တွေဟာ လက်နက်​တွေရဖို့ ဗက်စတီးကိုအကျဥ်း​ ထောင်ကိုတိုက်ခိုက်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို​တော်လှန်မှုစဖြစ်ပွားတယ်။ ​နောက် တော့ စည်မျဥ်းခံဘုရင်စနစ်ကို​ပြောင်းပစ်နိုင်ခဲ့တယ်။ ကျွန်စနစ်ကိုဖျက်သိမ်း​ပေးလိုက်ရတယ်။ လူတိုင်းဟာ လွတ်လပ်စွာ​ပြောဆိုခွင့်၊ မဲ​ပေးခွင့်ရလာတယ်။ လူဝီဘုရင်ဟာ စည်းမျဥ်းခံဘုရင် စနစ်​အောက်မှာ အကျဥ်းသားလို​နေရလို့ပြင်သစ်နိုင်ငံရဲ့ရန်သူနိုင်ငံ​တွေနဲ့လျှို့ဝှက်ဆက်သွယ် တယ်။ ​နောက်​တော့ထွက်​ပြေးဖို့ကြိုးစားရာက​နေ ပြန်အဖမ်းခံရတယ်။ ဘုရင်ကိုလူ​တွေက မယုံကြည်ကြ​တော့တာမလို့ ​တော်လှန်​ရေးသမား​တွေထဲမှာ ဘုရင့်ဂိုဏ်းနဲ့ သမ္မတဂိုဏ်းဆိုပြီး၂ခုကွဲတယ်။ သမ္မတဂိုဏ်းကအာဏာရလာပြီး စည်းမျဥ်းခံဘုရင်စနစ်ကိုဖျက် သိမ်းပြီး သမ္မတစနစ်ကိုထူ​ထောင်တယ်။ ဘုရင်ကိုကွပ်မျက်ပစ်တယ်။ သမ္မတစနစ်ဖြစ်လာ​ပေမဲ့ ကတ်သလစ်ဂိုဏ်းဟာ ဘာသာ​ရေးချုပ်ချယ်တယ်ဆိုပြီး အစိုးရသစ်ကိုအားမ​ပေး​တော့ဘူး။ ဘုရင့်ဂိုဏ်းကလူ​တွေကလည်း ထကြွပုန်ကန်တယ်။ ​ငွေစက္ကူ​တွေကိုစည်းကမ်းမဲ့ရိုက်နှိပ်လို့ ကုန်သည်​တွေကလည်း မ​ကျေမနပ်ဖြစ်လာတယ်။ ဘုရင်စနစ်ကိုဖျက်သိမ်းနိုင်ခဲ့တာမလို့ ဥ​ရောပ က တခြားသက်ဦးဆံပိုင်နိုင်ငံ​တွေဟာ သူတို့ဆီမှာအလားတူအ​ရေး​တော်ပုံ​ထပ်​ပေါ်လာမှာစိုးပြီး ပြင်သစ်အစိုးရကိုဝိုင်းတိုက်ခိုက်ဖို့လုပ်တယ်။ အဖက်ဖက်က ​ဘေးကြပ်နံကြပ်အ​​ခြေအ​နေ​တွေ ဖြစ်လာတာမလို့ ပြင်သစ်ဟာ လွတ်လပ်​ရေးကိုခနစွန့်လွှတ်ပြီး ကာကွယ်​ရေး​ကော်မတီလို့​ခေါ်တဲ့ အဖွဲ့ဆီကိုအာဏာကုန်လွှဲအပ်လိုက်ရတယ်။ ​ကော်မတီဟာ အာဏာရှင်စနစ်နဲ့အုပ်ချုပ်တယ်။ ဘုရင့်ဂိုဏ်းသား​တွေကိုဖမ်းရင်လည်း အပြစ်မဲ့ပြည်သူ​တွေကိုပါမသင်္ကာမှုနဲ့ဖမ်းဆီးသုတ်သင်တာ​ တွေလုပ်ခဲ့တယ်။ သမ္မတဂိုဏ်းမှာလည်း သမ္မတနိုင်ငံရဲ့ရန်သူမှန်သမျှကိုခပ်ကြမ်းကြမ်းနှိမ်နင်းတဲ့ ဂိုဏ်းနဲ့အသတ်အဖြတ်​လျှော့ချင်တဲ့ဂိုဏ်းဆိုပြီး၂ခြမ်းကွဲတယ်။ ​နောက်​တော့ ခပ်ကြမ်းကြမ်းနှိမ် နင်းတဲ့ဂိုဏ်းက လွှမ်းမိုးသွားပြီး ကျန်ဂိုဏ်းကလူ​တွေကိုပါနှိမ်နင်းသတ်ဖြတ်ပစ်တယ်။ သမ္မတအစိုးရဟာ ပြည်တွင်းပြည်ပရန်သူများကို မညှာမတာနှိပ်ကွပ်တယ်။ ပရပ်ရှားနှင့် ဩစတြီးယား စစ်တပ်များရဲ့ကျူးကျော်စော်ကားမှုကိုလည်း တွန်းလှန်ခဲ့တယ်။ ပြည်တွင်းပြည်ပရန်များ ကင်းရှင်း လာ​တော့လူထုဟာ သတ်ဖြတ်မှုများကို ညည်းငွေ့လာကြတယ်။ ​ကော်မတီ​ခေါင်း​ဆောင်အပါအဝင် တယူသန်​သမား​တွေကိုသတ်ပစ်လိုက်တယ်။ ပြီး​တော့ ​ခြေဥသစ်​ရေးဆွဲပြီး အစိုးရအသစ်တက်လာ တယ်။ ​ခေါင်း​ဆောင်ငါးဦးပါလို့ ​ငါးဦးအစိုးရလို့​ခေါ်ကြတယ်။ ငါးဦးအစိုးရလက်ထက်မှာ ပြည်ပရန်​ တွေကိုနိုင်နင်းခဲ့​ပေမဲ့ ပြည်တွင်းမငြိမ်မသက်မှုကိုမထိန်းသိမ်းနိုင်ခဲ့ဘူး။ ငါးဦးကိုယ်တိုင် ​ဖောက်ပြား လာခဲ့တယ်။ ​နောက်​တော့ နပိုလီယံက အာဏာသိမ်းလိုက်​တော့တယ်။ အဲ့မှာပဲ ပြင်သစ်​တော်လှန်​ရေး ကလုံးဝဇာတ်သိမ်းသွားရတာ​တော့တယ်။ ဒါက​တော့ ပြင်သစ်​​တော်လှန်​ရေးအကြမ်းဖျဥ်းပါ။ အကြမ်းဖျဥ်း​တောင်မှ ​​ရေးရတာ​တော်​တော်ကို ရှည်ပါတယ်။ 😁ရေးတာကရှည်​နေပြီဆို​တော့ ဇာတ်လမ်းအကျဥ်းကိုအများကြီးထပ်မ​ရေး​တော့ဘူး။ အ​ပေါ်မှာ​​ရေးထားတဲ့​တော်လှန်​ရေးကြီးမှာ ​သွေးစုပ်ဖုတ်​ကောင်​တွေက မင်းစိုးရာဇာ​တွေဘက်မှာပါ တယ်ဆိုပြီးဇာတ်လမ်းဆင်ထားတယ်လို့ပဲ​ပြောပါရ​စေ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ DrNyan ဖြစ်ပါတယ်။) File Size.............(700 MB) Quality...............WEB-DL 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Action, Adventure Translator..........DrNyan Encoder..............SWM

အပိုင်းများ

16 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း