Sad Love Story
Sad Love Story (2005) အပိုင်း (1 မှ 20) စ/ဆုံး တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Kim Hee-Sun၊ Kwon Sang Woo၊ Yeon Jeong Hoon၊ ကလေးသရုပ်ဆောင် မင်းသား Yoo Seung Ho စတဲ့ အဘွားတို့ခေတ်က ဒိတ်ဒိတ်ကြဲ မင်းသားကြီး၊ မင်းသမီးကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို ပရိသတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မိဘမဲ့ဖြစ်ပြီး ကလပ်အဆိုတော် အဒေါ်က စောင့်ရှောက်ထားရတဲ့ မျက်မမြင်ကောင်မလေး ဟယ်အင်း... အမေရိကန် စစ်သားတွေကို အရက်ရောင်းတဲ့ ကလပ်ပိုင်ရှင် အမေဖြစ်သူကြောင့် နေ့စဉ်ရက်ဆက် ကျောင်းမှာ တခြားကလေးတွေရဲ့ သရော်ခြင်းကိုခံရပြီး ရန်မဖြစ်လာတဲ့နေ့မရှိတဲ့ ဂျွန်ယောင်း... ဖြူစင်တဲ့ကလေးဘဝအရွယ်မှာ တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ တစ်ယောက်ပေါ်တစ်ယောက် မှီခိုရင်း ငယ်ချစ်ဦးတွေ ဖြစ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ကံကြမ္မာအကြောင်း ဖန်လာပြီး ဟယ်အင်းလေးက အမေရိကားကို ရွှေ့ပြောင်းရမဲ့အချိန် ရောက်လာတဲ့အခါ ငယ်ချစ်ဦးရေစက်ဟာလည်း ပြတ်တောက်ရတော့မလို ဖြစ်သွားတော့တယ်။ အမေရိကားရောက်သွားတဲ့ ဟယ်အင်းဟာ မျက်စိခွဲစိတ်မှုကို ခံယူပြီး လူသစ်စိတ်သစ် ပြောင်းလဲသွားရင်း ဂျွန်ယောင်းရဲ့သူငယ်ချင်းတစ်ဖြစ်လဲ သူဌေးသား ဂွန်းဝူနဲ့ တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါမှာတော့... ငယ်ချစ်ဦးကို မမြင်ဖူးခဲ့တဲ့ ဟယ်အင်းဟာ အသက်ကြီးလာတဲ့အခါ သူ့ကိုပြန်မြင်ရင် မှတ်မိပါဦးမလား... နိုင်ငံရပ်ခြားကို ရောက်လို့ ခေါင်းအစခြေအဆုံး ပြောင်းလဲသွားတဲ့အခါ ဘဝဟောင်းကလူကရော သူ့ကိုသတိရပါဦးမလား.. စတဲ့ လွမ်းဆွတ်ဖွယ် ဇာတ်လမ်းလေးကို မိုးရာသီနဲ့ အံကိုက် ဆွေးဆွေးမြည့်မြည့် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Esth မှ ရေးသားထားပါတယ်။) Aired: Jan 5, 2005 - Mar 17, 2005 Aired On: Wednesday Genres: Romance, Life, Drama, Melodrama Episodes: 20 Original Network: MBC Translated by Milkeux, Esth, Saung Yupar, Toe Toe Aung, May Thet & Htoo Pyae Encoded by Tiff
အပိုင်းများ
20 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း