ဇာတ်ကားများ ရွေးရန်

Your Honor

2020ဇာတ်လမ်းတွဲအမှတ် 8.1/10

ဒီလောကကြီးမှာ တရားမျှတမှုဆိုတဲ့ စကားလုံးနဲ့ လူတိုင်း မစိမ်းကြပါဘူး တရားမျှတမှု ဆိုတာနဲ့အတူ မတရားမှုဆိုတာလည်း ဒွန်တွဲရှိနေပါသေးတယ် ဒီလိုနဲ့ တရားမျှတမှုဘက်တော်သားတွေနဲ့ မတရားသူတွေဆိုတာလည်း အလိုလို ပေါ်လာတယ် ဒါပေမဲ့ တရားမျှတမှုဘက်တော်သားတိုင်း တကယ်တရားမျှတမှုရှိကြရဲ့လား .. လောကီရေးရာတွေ သံယောဇဉ်ဆိုတာတွေ ပါလာတဲ့အခါ တရားမျှတမှုတစ်ခု ဖန်တီးပေးလိုက်ရင် ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် ထိခိုက်ရမယ်ဆိုရင် တရားမျှတမှုကို လိုချင်ပါဦးမလား ... မိုက်ကယ်ဒက်စီယာတိုဆိုတာ တရားသူကြီးတစ်ဦးပါ .. သူဟာ လူတိုင်းကို စာနာတတ်သူဖြစ်လို့ တရားခံအများစုကို အတတ်နိုင်ဆုံးအပြစ်လွတ်အောင် စီရင်ချက် ချတတ်ပါတယ် .. ဒီလိုလုပ်တတ်တဲ့ သူ့အကျင့်ကို ဥပဒေလောကသားတွေကတော့ သိပ်တော့ သဘောမတွေ့လှပါဘူး သူတို့ဖြစ်စေချင်တာက အပြစ်ရှိရင် အပြစ်ပေးရမယ် ညှာတာနေဖို့ မလိုဘူးပေါ့ .. ဒါပေမဲ့ အထက်မှာပြောခဲ့သလို မိုက်ကယ်ကား မေတ္တာရှင်ကြီး ... ဒီလိုနဲ့ တစ်နေ့မှာ မိုက်ကယ့်ရဲ့သားဖြစ်သူ အဒမ်ဟာ ... လမ်းပေါ်မှာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ထွက်ပြေးလာခဲ့ပါတယ် ..အစပိုင်းမှာတော့ မိုက်ကယ်ဟာ ဒီကိစ္စကို တရားဥပဒေအရ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ဆုံးဖြတ်ပြီး သားဖြစ်သူနဲ့ ရဲစခန်းကို သွားခဲ့ပါတယ် သို့ပေမဲ့ ရဲစခန်းရောက်တဲ့အခါ သိလိုက်ရတာက တစ်ဖက်က သေဆုံးသွားတဲ့ ကောင်လေးဟာ မြို့ရဲ့ ဒိတ်ဒိတ်ကြဲ မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံးပြန်ယူတတ်သူ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့သားဖြစ်နေတဲ့အခါ... သားကို ကာကွယ်ဖို့အရေး တရားသူကြီးဖြစ်သူ မိုက်ကယ်ဒက်စီယာတိုဟာ မတရားမှုတွေကို ဖန်တီးရပါတော့တယ် ... File size…(700 MB) Quality….Webrip 1080p Format…mp4 Duration….01:04:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy

အပိုင်းများ

20 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း