ဇာတ်ကားများ ရွေးရန်

Hospital Ship

2017ဇာတ်လမ်းတွဲအမှတ် 6.1/10

Hospital Ship (2017) အပိုင်း (1 မှ 20) စ / ဆုံး ဒီကားလေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့ Kang Min Hyuk နဲ့ Ha Ji Won တို့ အဓိက ပါဝင်ထားပြီး ကျွန်းမှာနေထိုင်တဲ့ ကျေးလက်ဒေသခံတွေကို  သင်္ဘောနဲ့ဆေးလိုက်ကုပေးတဲ့ စေတနာ့ဆရာဝန်လူငယ်လေးတွေရဲ့ ဘဝကို သရုပ်‌ဖော်ထားတာပါ။ ဇာတ်လမ်းလေးကတော့... Song Eun Jae (Ha Ji Won) က ဆိုးလ်မြို့ရဲ့ ဆေးရုံကြီးတစ်ခုက အလွန်ထူးချွန်တဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ဦးပါ။ အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့ တစ်နေ့မှာ အဖြစ်အပျက်တစ်ခုကြောင့် အဲဒီဆေးရုံကြီးကနေ ထွက်သွားရပြီး ဆေးရုံသင်္ဘောဆီမှာ တာဝန်ထမ်းဖို့ ဖြစ်လာပါတယ်။ လူသားချင်း စာနာတတ်တဲ့ ဖခင်နဲ့ ကြီးပြင်းခဲ့ရတဲ့ Kwak Hyun (Kang Min Hyuk)ကတော့ ချမ်းသာပြည့်စုံတဲ့ ဘဝက လာပေမဲ့ သူကိုယ်တိုင်ကပဲ စေတနာ့ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့ပြီး ဆေးဝါးနဲ့သာမက အပြုံးချိုချိုလေးတွေနဲ့ပါ ဆေးကုပေးတတ်တဲ့ ဆရာဝန်လေးပေါ့။ Kim Jae Gul (Lee Seo Won) ကတော့ ဖခင်ကို အရွဲ့တိုက်တဲ့အနေနဲ့ အရှေ့တိုင်းဆေးပညာကို လေ့လာပြီး ဖခင်ရဲ့လောင်းရိပ်အောက်ကလွတ်ဖို့ ဆေးရုံသင်္ဘောဆီကို လာခဲ့ပါတယ်။ ဝေးလံခေါင်သီတဲ့ ဒေသတွေဆီကို ဒီဆေးရုံသင်္ဘောနဲ့ ရွက်လွှင့်ပြီး ခွဲစိတ်မှုအမျိုးမျိုး၊ ရင်ဆိုင်ဖြေရှင်းရတဲ့ ကိစ္စအမျိုးမျိုးကို ရှူခင်းလှလှတွေနဲ့ ဖန်တီးထားဝာာကြောင့် ဘယ်အချိန်ပြန်ကြည့်ကြည့် တဝကြီးရင်သပ်ရှုမောကြည့်ရှုရမယ့် series ကောင်းလေးဖြစ်တာကြောင့် ပြန်တင်ဆက်ပေးလိုက်ပါတယ်။ Genres     : Romance, Drama, Medical Duration : 70 mins Episodes : 20  Original Network:  MBC File Size  : 720p ( ~455MB) , 1080p ( ~1.1GB) Translated by  AHtet, Miri, Thinn Thinzar & Treasure Htet  Encoded by Tiff

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း