ဇာတ်ကားများ ရွေးရန်

Batman: Caped Crusader

2024ဇာတ်လမ်းတွဲအမှတ် 7.5/10

DCရဲ့ နာမည်ကြီးဇာတ်ကာင် Batmanရဲ့ animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Batman : Caped Crusaderကို Amazon Primeကနေ ထုတ်လွှင့်လိုက်ပါပြီ။ IMDb 7.4,RT 95%နဲ့ နိုင်ငံတကာက DC hardcore ဖန်တွေကြား အတော်လေး ချီးကျူးခံနေရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Animationပိုင်းတွေ fight scene‌တွေမှာ အတော်လေး ကောင်းသလို ဇာတ်လမ်းပိုင်းကလည်း ဂေါ်သမ်မြို့ကြီးထဲက မှုခင်း‌တွေ၊ ဂိုဏ်းတွေနဲ့ ရင်ဆိုင်ရပုံတွေ၊အမှုဖြေရှင်းပုံတွေကို စုံထောက်ဆန်ဆန် ရိုက်ကူးထားလို့ မူလ Batmanရဲ့အရသာကို အပြည့်အဝပြန်ခံစားရစေတဲ့ Animation ပါပဲ။ အထွေအထူးညွှန်းနေစရာတောင် မလိုတာမို့ ကြည့်ရှုခံစားလိုက်ပါဦး။ Superhero Animation ကားကောင်းတွေ၊ အထူးသဖြင့် DC Universe ရဲ့ ဇာတ်ကောင်တွေကို ရူးသွပ်တဲ့ ပရိသတ်တွေအတွက်တော့ စောင့်မျှော်နေကြတဲ့ "Batman: Caped Crusader" Season 2 ကြီးကတော့ အားရပါးရ ကြည့်ရှု့နိုင်ပါပြီ။ ၉၀ ပြည့်လွန်နှစ်တွေက ဂန္ထဝင် 'Batman: The Animated Series' ရဲ့ ဖန်တီးရှင် Bruce Timm ကိုယ်တိုင် ဦးဆောင်ပြီး 1940s Noir (မှုခင်းနဲ့ စုံထောက်) အငွေ့အသက်တွေကို အသက်သွင်းထားတဲ့ ဒီစီးရီးဟာ ဒုတိယမြောက် ရာသီမှာ ပိုပြီးတော့ Deep Dark ဖြစ်တဲ့ ဇာတ်လမ်းတွေနဲ့ ပြန်လာပါပြီ။ Season 1 တုန်းကလိုပဲ ဒီစီးရီးရဲ့ အသက်က အက်ရှင်ချည်းပဲ သက်သက်မဟုတ်ဘဲ၊ Bruce Wayne တစ်ယောက် စုံထောက်တစ်ဦးအနေနဲ့ ဂေါသမ်မြို့ရဲ့ ရက်စက်တဲ့ မှုခင်းတွေကို ဦးနှောက်သုံး ဖြေရှင်းရတဲ့ အပိုင်းတွေပါပဲ။ ခေတ်မီနည်းပညာတွေ မရှိသေးတဲ့ ၁၉၄၀ ဝန်းကျင် ကာလဖြစ်လို့ သူ့ရဲ့ ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေးနဲ့ စုံထောက်စွမ်းရည် (Detective Skills) ကို ပိုပြီး ပီပီပြင်ပြင် မြင်တွေ့ရမှာပါ။ Animation အရည်အသွေးကလည်း ရှေးဟောင်းအငွေ့အသက် (Retro-style) ကို ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်ထားလို့ လုံးဝကို Classic ဆန်ပါတယ်။ ဂေါသမ်မြို့ရဲ့ မိုးသည်းသည်း ညတွေထဲမှာ အမှောင်ခိုနေတဲ့ လင်းနို့လူသားရဲ့ ဇာတ်လမ်းကို ညဘက် မီးပိတ်ပြီး အရသာခံကြည့်ဖို့ Page ကနေ အထူးပဲ ညွှန်းပေးလိုက်ပါတယ်နော်။ File size…    450 MB Quality… Web-DL 1080p Format… mp4 Duration…. 25m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

20 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း