Three Kingdoms
တရုတ်သမိုင်းဝင် ဇာတ်လမ်းတွဲတွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Three Kingdoms (2010) သုံးပြည်ထောင် ဇာတ်လမ်းတွဲကြီးကို တင်ဆက်ပေးလိုက်ရပါတယ်။ လော်ကွမ်ကျုံးရဲ့ နာမည်ကျော် ဂန္ထဝင်ဝတ္ထုကြီးကို ဒါရိုက်တာ Gao Xixi ကနေ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် စွဲထင်ကျန်ရစ်မယ့် Masterpiece တစ်ခုအဖြစ် ပုံဖော်ရိုက်ကူးထားတာပါ။ ဒီကားမှာတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Chen Jianbin (ချောင်ချောင်း)၊ Yu Hewei (လျူပေ့) နဲ့ Lu Yi (ကျူးကယ့်လျန်) တို့ကနေပြီး အာဏာ၊ သစ္စာတရား၊ သစ္စာဖောက်မှုတွေနဲ့ ရောယှက်နေတဲ့ ခေတ်ပျက်သူရဲကောင်းတွေရဲ့ အားပြိုင်မှုတွေကို အသက်ဝင်အောင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အရှေ့ဟန်မင်းဆက် နှောင်းပိုင်းကာလမှာ တိုင်းပြည်ဟာ အကျင့်ပျက်ခြစားမှုတွေ၊ ပုန်ကန်မှုတွေနဲ့အတူ ပြိုကွဲလုနီးပါး အခြေအနေကို ရောက်ရှိနေပါတယ်။ အာဏာရှင် တုန်းကျိုးက ဧကရာဇ်ငယ်လေးကို ရုပ်သေးရုပ်သဖွယ် ကြိုးကိုင်ခြယ်လှယ်လာတဲ့အခါမှာတော့ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ အမှောင်မိုက်ဆုံး အချိန်ကာလကို ရောက်ရှိသွားပါတော့တယ်။ ဒါပေမဲ့ ဒီလို ကမောက်ကမဖြစ်နေတဲ့ အခြေအနေဆိုးကြီးထဲကနေ တိုင်းပြည်ကို ကယ်တင်ဖို့နဲ့ ကိုယ်ပိုင်အင်ပါယာတွေ တည်ထောင်ဖို့အတွက် အရပ်ဒေသအသီးသီးက သူရဲကောင်းတွေ ပေါ်ထွက်လာတဲ့အခါမှာတော့ သမိုင်းဝင် စစ်ပွဲကြီးတွေရဲ့ အစပျိုးရာ ဖြစ်လာပါတော့တယ်။ သူရဲကောင်းတွေရဲ့ အားပြိုင်မှုတွေ စတင်လာချိန်မှာပဲ ရက်စက်ပြတ်သားပြီး ဉာဏ်နီဉာဏ်နက်များတဲ့ ချောင်ချောင်း၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် မေတ္တာတရားကြီးမားပြီး ဖြောင့်မတ်တည်ကြည်တဲ့ လျူပေ့၊ ဉာဏ်ပညာထက်မြက်ပြီး ဗျူဟာကျွမ်းကျင်တဲ့ ဆွန်ချွမ်တို့ရဲ့ ပြိုင်ဆိုင်မှုတွေက ဇာတ်လမ်းကို ပိုမိုအသက်ဝင်လာစေပါတယ်။ သူတို့ခေါင်းဆောင်သုံးဦးဟာ မတူညီတဲ့ ခံယူချက်၊ ဆန့်ကျင်ဘက် စရိုက်လက္ခဏာတွေ ရှိကြပေမဲ့ တရုတ်ပြည်ကြီးကို တစ်ကျော့ပြန် ပေါင်းစည်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဝေ့၊ ရှူ၊ ဝူ ဆိုတဲ့ ပြည်ထောင်သုံးခုကို တည်ထောင်ကာ အကြိတ်အနယ် ယှဉ်ပြိုင်ကြပါတော့တယ်။ အထူးသဖြင့် လျူပေ့ရဲ့ ညီအစ်ကိုသစ္စာတရားနဲ့ ကျူးကယ့်လျန် (ခေါ်) ခုံမင်ရဲ့ ပြိုင်ဘက်ကင်း စစ်ဗျူဟာတွေက ကြည့်ရှုသူတွေကို ရင်သပ်ရှုမောဖြစ်စေမှာပါ။ ဒီဇာတ်လမ်းဟာ သာမန် စစ်တိုက်တဲ့ ဇာတ်လမ်းမျိုးသက်သက်မဟုတ်ဘဲ၊ လူ့သဘာဝ၊ နိုင်ငံရေး လှည့်ကွက်တွေ၊ စိတ်ပညာနဲ့ အုပ်ချုပ်ရေးပညာတွေကိုပါ လေးလေးနက်နက် ထည့်သွင်းရိုက်ကူးထားတဲ့ သမိုင်းဝင် ဇာတ်ကားကြီးတစ်ကားပါပဲ။ ချီပိတိုက်ပွဲလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ စစ်ပွဲအခန်းတွေ၊ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ အချိတ်အဆက်မိလွန်းတဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူကို တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ကြည့်ချင်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်အိမ်ခိုင်မာမှုတွေကြောင့် Historical Series ကြည့်ဖူးသူတိုင်းရဲ့ ထိပ်ဆုံးက ညွှန်းဆိုခြင်းခံရတဲ့ ဇာတ်လမ်းတွဲဖြစ်ကြောင်း အာမခံလိုက်ရပါတယ်။ Total Episodes : 95 Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama , History Runtime :45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
95 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း