ဇာတ်ကားများ ရွေးရန်

Normal People

2020ဇာတ်လမ်းတွဲအမှတ် 8.1/104K

လူငယ်ဘဝက ဘာနဲ့တူလဲ။ နောင်ကာလက ပြန်ငေးကြည့်ရင် တလက်လက်တောက်ပနေတဲ့ အတိတ်တစ်ခုက အဲဒီဘဝမှာ စီးဆင်းနေတယ်။ ဘာမှမဟုတ်သလို ထင်ရပါလိမ့်မယ်။ တစ်ချိန်မှာ ပြန်မငေးမကြည့်မချင်းပဲပေါ့။ အလှပဆုံးမဖြစ်ခဲ့ရင်တောင် ဒါငါတို့ရဲ့ အတိတ်ဘဝပါပဲ။ နှင်းဆီတစ်ပွင့်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လာဖို့ နှင်းဆီတစ်ပွင့်ရဲ့ အတိတ်ကို ဖြတ်သန်းရတယ်။ နှင်းဆီဟာ နှင်းဆီဖြစ်နေခြင်းဟာ နှင်းဆီပါပဲ။ မှားရင်း မှားရင်း မှန်လာတတ်တယ်မလား။ ဒီလိုနဲ့ မမှားသေးတဲ့ လူငယ်ဟာ အမှားတွေအများကြီးကြုံလာရဦးမယ်။ မှားသွားလည်း လှတယ်တဲ့။ မလှတဲ့ အမှားတွေတော့ ငါတို့ အများကြီးလုပ်ခဲ့ကြတာပဲ။ အကျည်းတန်ပါတယ်။ လှသွားအောင်လို့ ခွင့်လွှတ်ခဲ့ကြတယ်။ အဲဒါချစ်ခြင်းတရားပါပဲ။ ငါတို့ကိုယ်ငါတို့ ခွင့်လွှတ်တတ်အောင်တော့ အရင်သင်ယူရတာပေါ့။ သဲအိမ်တွေ ငါတို့ဆောက်ကြတယ်။ ကမ္ဘာကြီးဘယ်လိုမြင်လဲ ဂရုစိုက်ရင်း သဲအိမ်တွေပြိုသွားတဲ့ လူငယ်ဟာ ကမ္ဘာကြီးက မင်းကို ဘယ်လိုမှမမြင်ဘူးလို့ သိလိုက်ရတယ်။ ကိုယ်ချစ်ခြင်းလို့ထင်တဲ့ ချစ်ခြင်းနဲ့ ချစ်ကြည့်တယ်။ အသက်ကိုဖက်နဲ့ထုပ်ထားရသလို ဘဝမျိုးတွေမှာ ပုံပြင်ဆန်သော ပုံပြင်ဆန်သော အချစ်မျိုးလည်း တွေ့ရှိလိမ့်ဦးမယ်။ ဝေးကွာလိမ့်ဦးမယ်။ "လူသားသည် ထိုကောင်းကင်အောက်၌ပင်ရပ်ရင်း အချစ်ကို ဖြတ်သန်းသွားတာ လွမ်းစရာပင် ကောင်းပါသည်"ဆိုတဲ့ မောင်ဒေါင်းစာသားတစ်ကြောင်းလို အချစ်ကို ဖြတ်သန်းသွားရင်း လွမ်းစရာကောင်းတဲ့ရာသီတွေလည်း လာတယ်။ သက္ကရာဇ်တွေပြိုမယ်။ သစ်ပင်တွေအိုမယ်။ အချစ်တို့ အဓွန့်ရှည်ဖို့ ငါတို့အတိတ်မှာ သွေးစိမ်းရှင်ရှင်ထွက်နေမယ့် သံမဏိဓားတစ်ချောင်းလို အမှတ်ရနေမယ့် နေ့ရက်တို့လည်းလိုတယ်။ ရှုံးရင်း ရှုံးရင်း မလဲတဲ့အချစ်ဟာ ငါတို့ကိုယ်ပိုင်အချစ်ကို ငါတို့တွေ့ရှိလာအောင် သင်ကြားပေးခဲ့တယ်။ ဘုံဆန်တယ်။ တစ်သီးပုဂ္ဂလဆန်တယ်။ သူ့မှာ သီဝရီတွေမရှိခဲ့ဘူး။ မထူးဆန်းစွာနဲ့ အံ့ဩဖို့ကောင်းနေတဲ့ အဖြစ်အပျက်တွေဟာ ငါတို့ရဲ့သာမန်ဘဝတွေပေါ့။ မထူးဆန်းစွာနဲ့ အံ့ဩဖို့ကောင်းနေတဲ့လူတွေဟာလည်း ငါတို့သာမန်လူတွေပဲ။ ဘဝဟာ " အချစ်သီချင်း ရိုးရိုးလေးတစ်ပုဒ်"ပဲ။ Normal People စီးရီးက ရိုမန့် ဒရာမာသက်သက်ပေမဲ့ ပရိသတ်တွေကြား တော်တော်ထိုးဖောက်နိုင်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ စာအုပ်ကလည်း တော်တော်အောင်မြင်ခဲ့သလို သရုပ်ဆောင်တွေကလည်း Daisy Edgar-Jonesတို့ Paul Mescalတို့လို လက်ရှိခေတ်ရဲ့ ကြယ်ပွင့်အသစ်တွေ သရုပ်ဆောင်သိပ်ကောင်းတဲ့သူတွေ ဖြစ်နေတာလည်းပါပါလိမ့်မယ်။ တကယ်ဆိုရင် ဒီစီးရီးက အားလုံးသိပြီးသား မကြည့်ဖူးရင်တောင် ရင်းနှီးပြီးသား ဇာတ်လမ်းတွဲပါပဲ။ ရှုပ်ထွေးတဲ့ဇာတ်အိမ်တွေ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ကျော်လွှားပြီး ဒီဘာမှမပါတဲ့ စီးရီးက ဘာလို့နာမည်ကျော်တာလဲဆိုရင်တော့ သူ့နာမည်အတိုင်း ဒီစီးရီးဟာ ကျွန်တော်တို့အားလုံးအကြောင်းဖြစ်နေလို့များ ဖြစ်နေမလားတော့မသိဘူး။ Normal Peopleဟာ မြင်နေကျရိုမန့်ကားတွေထက်တောင် အများကြီး လူပိုဆန် သာမန်ပိုဆန်တဲ့ဇာတ်လမ်းပါပဲ။ လူငယ်ဘဝရဲ့အစိတ်အပိုင်းတွေ အားလုံးကို Normal Peopleက လွှမ်းခြုံထားတယ်။ တလောက လူတစ်ယောက်က ဇော်ဇော်အောင်ရဲ့ ခံစားကြည့်ပါ မကြည်ပြာက စာသားနဲ့ Normal Peopleက ဇာတ်ဝင်ခန်းတစ်ခုကို တွဲတင်ထားတာ တွေ့လိုက်သေးတယ်။ မမှားပါဘူး။ ဒေစီအက်ဂါဂျုန်းရဲ့ ဇာတ်ကောင်နဲ့ တွဲဖက်ခံစားကြည့်လို့ရမယ့် ဇာတ်ကောင်ပါပဲ။ Normal People ဟာ ကျွန်တော်တို့သာမန်လူတွေအတွက် ကျွန်တော်တို့အရိပ်တွေကို ပြန်လွမ်းစေမယ့် ဇာတ်လမ်းပါပဲ။ File size…    1.3 GB /  300 MB Quality… Web-DL HEVC 4K / 1080p Format… mkv Duration…. 30m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း