ဇာတ်ကားများ ရွေးရန်

Clean Sweep

2023ဇာတ်လမ်းတွဲအမှတ် 6.3/10

Season 1 [ Complete] မှုခင်းဒရာမာကောင်းကောင်းလေးတွေကိုကြိုက်နှစ်သူတွေအတွက် 2023 တုန်းကထွက်ရှိထားတဲ့ Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်အိမ်ကိုဖြည်းဖြည်းချင်းတည်ဆောက်သွားပြီး အဆုံးသတ်ကျမှ ထကြမ်းပြတဲ့အကွက်မျိုးတွေနဲ့ရိုက်ကူးထားတဲ့အတွက် Episode 6 ပိုင်းလုံးကိုဖြည်းဖြည်းချင်းဇိမ်ပြေနပြေအေးဆေး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ Series ကောင်းလေးရဲ့နာမည်ကတော့ Clean Sweep ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားပါတယ်။ ရှယ်လီဆိုတဲ့အမျိုးသမီးတစ်ယောက်က ကလေး ၃ ယောက်နဲ့ ခင်ပွန်းနဲ့အတူတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် လူ့ဘ၀ကြီးကမပြည့်စုံဘူးဆိုတဲ့ အတိုင်း ငွေကြေးဆိုင်ရာစိတ်ညစ်စရာလေးတွေကတော့ရှိ နေပါတယ်။အဲ့ဒါကြောင့် သူ့ယောက်ျားဖြစ်သူကစုံထောက်ရာထူး တိုးဖို့ဒုန်းစိုင်းနေပြီး သူကလည်းအချိန်ပိုင်း အလုပ်လုပ်ကိုင်ချင် နေပါတော့တယ်။ ဒါပေမယ့် တစ်နေ့မှာတော့ရှယ်လီ့ဘ၀ထဲကို ကြမ္မာဆိုးကြီးတစ်ခုက ရောက်ရှိလာပါတော့တယ်။အဲ့ဒီကြမ္မာဆိုးကတော့ သူနဲ့အရင် တုန်းက သိကျွမ်းခဲ့တဲ့လူတစ်ယောက်က သူ့ကိုမရမကလိုက်ရှာပြီး လိုက်ပတ်သတ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ကြားကကိစ္စတွေကို ဖြေရှင်းဖို့အတွက် မိုတယ်တစ်ခုမှာ ချိန်းလိုက်ကြပြီး အခြေ အနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာကာ ရှယ်လီကအဲ့ဒီလူကို သတ်မိလိုက်ပါတော့တယ်။ လက်ရာခြေရာတွေ တတ်နိုင်သလောက်ဖျောက်ပြီးထွက်ပြေး လာခဲ့ပေမဲ့ အဲ့ဒီအမှုကိုကိုင်ရတာသူ့ယောက်ျားဖြစ်နေတဲ့ အခါမှာတော့ သူလူသတ်ထားတဲ့အမှုပေါ်သွားမလား လက်ရှိ မိသားစုဘ၀မပိုင်ဆိုင်ခင် သူ့အတိတ်ကဘ၀ကရောဘယ်လိုတွေ ဖြစ်ခဲ့လို့ ဒီလိုအရာတွေဖြစ်လာရတာလဲဆိုတာကို စိတ်ဝင်စားစရာ ကောင်းစွာကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File Size – 625 MB / 311 MB Quality –WEB-DL 1080p  , 720p Episodes -  6 Eps Duration -  52 min Subtitle – Myanmar Hardsub Format – Mp4 Genre :  Crime , Drama , Thriller Translator – Saw Lay , Wil & Aerin Encoder – Min Wai

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း