ဇာတ်ကားများ ရွေးရန်

Puli Meka

2023ဇာတ်လမ်းတွဲအမှတ် 7.0/10

IMDb 6.8/10 ဒီတစ်ခေါက်ထွက်ရှိလာတာကတော့ စုံထောက်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေကို အရမ်းအကြိုက်တွေ့စေမယ့် လှည့်ကွက်တွေ ဇာတ်လမ်းအကွေ့အပြောင်းတွေအမျိုးမျိုး ပါဝင်ပြီးThrillerဆန်ဆန်ထွက်ရှိလာတဲ့ Puli Mekaပဲဖြစ်ပါတယ် မင်းသားချော Aadi Saikumar နဲ့ မင်းသမီးချောလေး Lavanya Tripathi တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ် စိတ်ပညာဆိုင်ရာ မှုခင်းပညာရပ်မှာ မာစတာရထားတဲ့ လေ့ကျင့်ရေးအရာရှိရဲမေ ကီရန်ပရာဘတ်ဟာ ထက်မြက်ပြီးကျရာတာဝန်ကိုလက်မနှေးထမ်းဆောင်တတ်သူ တစ်ယောက်ဖြစ်ပါတယ် သူ့ကိုတာဝန်ပေးအပ်လိုက်တဲ့ အမှုမှန်သမျှကိုလည်း အချိန်တိုအတွင်းဖြေရှင်းနိုင်တာမို့ အထက်လူကြီးရဲ့အားကိုးယုံကြည်မှုကို ရထားသူလည်းဖြစ်ပါတယ် တစ်ဖက်မှာလည်း မှုခင်းဆေးပညာကျွမ်းကျင်သူခေါင်းဆောင်ဖြစ်တဲ့ ပရာဘာကာရှာမာက ချက်ဆိုနားရွက်က မီးထတောက်တဲ့အထိ ဉာဏ်ကောင်းပြီး သူ့တာဝန်ကိုအာရုံစိုက်တတ်တာကြောင့် အထက်လူကြီးရဲ့ယုံကြည်အားကိုးခြင်းကို ခံထားရသူတစ်ယောက်ပါ တခြားဇာတ်လမ်းတွေနဲ့မတူပဲ အနည်းငယ်ကွဲပြားနေတာက ဇာတ်လမ်းအများစုမှာမင်းသားကရဲဖြစ်ပြီး မင်းသမီးကဆရာဝန်ဖြစ်ပေမယ့် ဒီဇာတ်မှာကတော့ မင်းသားကမှုခင်းဆရာဝန်ဖြစ်ပြီး မင်းသမီးကရဲဖြစ်ပါတယ် ဒီလိုနဲ့မတူညီတဲ့နယ်ပယ်တွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ သူတို့နှစ်ယောက်ကိုဆုံစည်းစေမယ့် လူသတ်မှုတစ်ခုက တစ်နေ့မှာပေါ်လာပါတော့တယ် ဒီလူသတ်မှုမှာလူသတ်သမားရဲ့ ထူးခြားချက်က သူ့ရဲ့သားကောင်ကရဲအရာရှိတွေဖြစ်ပြီး ရဲတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါ ဒီကိစ္စကိုအစပြုပြီး သူတို့နှစ်ယောက်တွဲဖက်ကာ ဒီကွင်းဆက်လူသတ်သမားမှုကို စုံစမ်းရင်းမထင်ထားတဲ့ အလှည့်အပြောင်းတွေ သဲလွန်စတွေထွက်ပေါ်လာတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ သူတို့လိုက်ရှာနေတဲ့တရားခံက ဘာအကြောင်းကြောင့်နဲ့ ရဲအရာရှိတွေကိုပစ်မှတ်ထားနေတာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အကြည့်မလွှဲနိုင်အောင်ထိ ကြည့်ရှု့ရင်းအဖြေရှာလိုက်ရအောင် File Size – 800MB Quality – 1080p Duration –32 minutes Total Episodes: 8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Crime , Mystery Translator – BpL~ Yunni~Sai ~ Khin Encoder – YK

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း