ဇာတ်ကားများ ရွေးရန်

Home Before Dark

2020ဇာတ်လမ်းတွဲအမှတ် 7.6/10

Home Before Dark - Season (01),(02) IMDb Rating - 7.5/10 ခင်ဗျားတို့ အသက် ၉ နှစ်အရွယ်မှာ ဘာလုပ်နေကြပြီလဲ၊ သံပြိုင်ကဗျာတွေ သီဆိုရင်း ဆော့ကစားလို့ ကောင်းတုန်း၊ ညောင်ပင်တစ္ဆေဝေလေလေ လုပ်လို့ကောင်းတုန်းပဲလား၊ ဒီထဲက ဟေလ်ဒီဆိုတဲ့ ၉ နှစ်အရွယ် ကလေးမကတော့ သတင်းစာတွေထုတ်ဝေပြီး အမှုတွေတောင် လိုက်ဖြေရှင်း ပေးနေပြီဗျ။ အဖြစ်ကတော့ ဒီလိုဗျာ . ဟေလ်ဒီရဲ့ အဖေက မှုခင်းသတင်း တွေကိုလိုက်တဲ့ သတင်းထောက်တစ်ယောက်။တစ်နေ့ သူတို့ မိသားစုက သူ့အဖေရဲ့ မြို့လေးကို ပြောင်းရွှေ့ခဲ့ရပြီး အဲဒီမှာပဲ အခြေချဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီမြို့ လေးမှာ သူ့အဖေက အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုရဲ့ ပါဝင်ပတ်သက်သူအဖြစ် နာမည်ကြီးနေတာကို သူတို့က မသိကြဘူး။ မြို့ကိုရောက်ရောက်ချင်းမှာပဲ ကလေးမရဲ့ ပထမဆုံးမိတ်ဆွေ တစ်ယောက် အသတ်ခံရလိုက်ရပြီး ထူးဆန်းမှုတွေ ဆက်တိုက်ပဲ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီထူးဆန်းမှုတွေ၊ လူသတ်မှုတွေ၊ သူ့အဖေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အဖြေရှာမရတဲ့အမှုတွေ ဒါတွေ အားလုံးက ဟေလ်ဒီ့အတွက် လက်မလွှတ်နိုင်စရာ အနံ့တွေဖြစ် လာခဲ့ပြီး ပဟေဠိတွေ အဖြေညှိဖို့ ကြိုးစားတော့တာပါပဲ။ ဒီဇာတ်လမ်းက ကြည့်ရှု့သူတွေကို သံသယဖြစ်စရာ တွေနဲ့ အဆုံး ထိဆွဲခေါ်သွားပေးမယ့် crime and mystery ဇာတ်လမ်းမျိုးပါ။ Rating ကောင်းတွေလည်း ရရှိထားပြီး Season -2 ထိပါ ဆက် တိုက်ထွက်ရှိထားပြီးပါပြီ ဆိုတော့ စောင့်ရတာမကြိုက်တဲ့ CM ပရိသတ်တွေအတွက် Season 1 အစအဆုံးအကုန် တင်ဆက်ပေး လိုက်ပါပြီခင်ဗျာ။ (ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size.............(880 MB) Quality...............WEB-DL 1080p Duration............45Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama, Mystery Translator..........May Thet Khine Soe, Momo, EL, Hnin Wut Yi, Fiona Gillen, Ngwe Zin, C'mon Encoder..............Zin Phyo Aung

အပိုင်းများ

20 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း