ဇာတ်ကားများ ရွေးရန်

La Révolution

2020ဇာတ်လမ်းတွဲအမှတ် 6.8/10

La Révolution (2020) IMDb Rating - 6.6/10 1787 ခုနှစ်မှာ ပြင်သစ်ပြည်ကြီးဟာ ဝါးအစည်းပြေသလို ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါတယ်။ အောက်ခြေ လူတန်း စားတွေက ငတ်မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေသလောက် အာဏာပိုင်တွေကတော့ အဓိပ္ပာယ်မရှိတဲ့ အခွန်အတုတ်တွေ ကောက်ပြီး ပျော်ပါးနေကြတဲ့ ကာလပါ။ အဲဒီလို အချိန်ကာလမှာ မွန်တာဇင်းနယ်မြေမှာ ရေဗက္ကာဆိုတဲ့ ဆင်းရဲသားမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အာဏာပိုင်တွေကတော့ တိုင်းတစ်ပါးသား ကလေကချေ အိုးမဲ့ အိမ်မဲ့ တစ်ယောက်က သတ်သွားတာလို့ ဝါဒဖြန့်ပြီး အိုကာဆိုတဲ့ အိမ်ခြေရာမဲ့ကို ကြိုးပေးဖို့ ပြင်ပါတော့တယ်။ ဒါပေမဲ့ အိုကာရဲ့ အကျဉ်းထောင် တာဝန်ခံဆရာဝန် ဂျိုးဆက်က အိုကာ့မှာ အပြစ် မရှိဘူးလို့ ယုံကြည်ပြီး လူသတ်သမား အစစ်ကို ရှာဖွေဖို့ ကြိုးစား ရင်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ပိုး တစ်ခုကို တွေ့ရှိသွားတဲ့နောက်မှာတော့… ၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ခင်ကာလကို သဘာ ဝလွန် အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထား တာပါ။ ဖြစ်ရပ်မှန်နဲ့ fantasy ကို ရောသမမွှေလိုက်ရင် အမိုက် စား ဖြစ်သွားလေ့ရှိတာကြောင့် (၁၈)ရာစု ဥရောပ အပြင်အဆင် ကို နှစ်သက်သူတွေ အကြိုက်တွေ့ကြမယ့် စီးရီးမျိုးပါ။ ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို Roman Nox မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Roman Nox, Zaw Myo Thu တို့ဖြစ်ပါတယ်။) File Size............. (1.0 GB) Quality...............WEB-DL 1080p Duration............46Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Action, Adventure, Drama Translator..........Roman Nox, Zaw Myo Thu Encoder..............SWM

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း