ဇာတ်ကားများ ရွေးရန်

NieR:Automata Ver1.1a

2023ဇာတ်လမ်းတွဲအမှတ် 8.0/10

Nier Automata Ver1.1a (2023) review "Nier: Automata Ver1.1a" Anime ဟာ 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Action RPG ဂိမ်းတစ်ခုဖြစ်တဲ့ Nier: Automat‌a ကို အခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ လူသားတွေစွန့်ပစ်ထားတဲ့ ကမ္ဘာပျက်ကြီးအပေါ်မှာ ဂြိုလ်သားတွေဖန်တီးထားတဲ့ စက်သက်ရှိတွေနဲ့ လူသားများဖန်တီးထားတဲ့ လူသားပုံစံစက်ရုပ်တွေရဲ့ နောက်ဆုံးစစ်ပွဲကို အဓိကတင်ဆက်ထားပါတယ်။ အဆင့်မြင့် YoRHa တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ စစ်သားနှစ်ယောက်ဖြစ်တဲ့ 2B နဲ့ 9S တို့ Android စက်ရုပ်နှစ်ရုပ်ကို အဓိကဇာတ်ကောင်တွေ အနေနဲ့ မြင်တွေ့နိုင်မှာဖြစ်ပြီး အလန်းစား Sword Fighting Sequence တွေနဲ့ Machines VS Android Battles တွေကို လည်း တဝကြီးရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့လည်း ဂိမ်းကို အနီးစပ်ဆုံးနဲ့ Cutscenes တွေပါမကျန် အသေးစိတ် ဂရုစိုက်ဖန်တီးထားပြီး Character Design တွေကိုလည်း ဂိမ်းကနေ Anime အဖြစ်ကိုပြောင်းလဲတဲ့အချိန်မှာ မဖြစ်မနေပြောင်းလဲရမယ့် အစိတ်အပိုင်းတွေကလွဲပြီး ဂိမ်းအရသာမပျက်အောင် တင်ဆက်ထားကြပါတယ်။ Nier: Automata Ver1.1a ဟာ Nier: Automata ဂိမ်းဖန်တွေအပြင် Anime ဖန်တွေပါ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့အတွက် CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size…    300 MB Quality… Web-DL 1080p Format… mp4 Duration….  25 m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

အပိုင်းများ

25 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 25 အပိုင်း

ဇာတ်လမ်းအကြောင်း