ဇာတ်ကားများ ရွေးရန်

Power Book II: Ghost

2020ဇာတ်လမ်းတွဲအမှတ် 8.4/10

Power Book II: Ghost Genre – Crime, Drama အရှေ့က Power ဇာတ်လမ်းတွဲမှာတော့ Ghost လို့ခေါ်တဲ့ James St. Patrick ရဲ့ မြေအောက်လောကကနေ တဖြည်းဖြည်းဆရာကျလာတဲ့အကြောင်းကို တင်ဆက်ထားပြီး နောက်ဆုံးပိုင်းမှာ သူ့ရဲ့ သေဆုံးမှုကနေ ဒီ Power Book II က တိုက်ရိုက်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲမှာတော့ သူ့ရဲ့သားဖြစ်သူ Tariq St. Patrick အကြောင်းကို ဗဟိုပြုပြီး တင်ဆက်ထားတာပါ။ ဖခင်သေဆုံးမှုအတွက် အမေဖြစ်သူ ဖမ်းခံရပြီး တရားရင်ဆိုင်နေတဲ့အချိန် Tariq တစ်ယောက် ကောလိပ်တက်ရင်းနဲ့ မိခင်ဖြစ်သူကို ကယ်ဆယ်နိုင်ဖို့ ဥပဒေဘောင်မဲ့ထဲကနေ ဘယ်လိုတွေ ကြိုးပမ်းမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အဆောင်ဖော်တစ်ယောက်ကြောင့် တခြား မူးယစ်ဆေးဂိုဏ်းတစ်ခုနဲ့ ခင်မင်သွားပြီး တွဲလုပ်ဖို့ ဖြစ်လာကာ ဘယ်လို အရှုပ်တွေကြားထဲ ရောက်သွားဦးမလဲ ဖအေ့ခြေရာကို နင်းမလား သူ့ထက်ကျော်မလားဆိုတာတော့ မြေအောက်လောကဂိုဏ်းတွေနဲ့ ကောလိပ်ကြား ဗျာများရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…. ရှုစားကြကုန်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File Size – 1GB (Appx;)@Episode Quality – 1080p WEB DL Duration –60minute (@Episode) Total Episodes:10Eps@Season Subtitle – Myanmar Hardsub Format – Mp4 Genre : Crime ~ Drama Translator – CM Team Encoder – YK

အပိုင်းများ

30 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း