The Perfect Couple
S1 Ep 1 to 6 [ စ / ဆုံး ] ဒီတစ်ခေါက်မှာတော့ CM ပရိသတ်များအတွက် မင်းသားကြီး Liev Schreiber နဲ့ မင်းသမီး Nicole Kidman တို့အပြင်အခြားသော သရုပ်ဆောင်ကောင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ဝင်စားစရာ Netflix seriesတစ်ခုကိုတင်ဆက်ပေးလိုက်ပါရစေ။ အမေရိကန်နိုင်ငံ Massachusettsပြည်နယ်ထဲက Nantucketကျွန်းပေါ်မှာ ဘိုးစဉ်ဘောင်ဆက်ချမ်းသာကြွယ်ဝတဲ့ Winbury မိသားစုနေထိုင်ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်သူ Tag Winbury ဟာ ကျွန်းပေါ်မှာ ဂုဏ်သတင်း အတော်ကျော်ကြားသလို သူ့ဇနီး Mrs.Greer Winbury ဟာလည်း အောင်မြင်တဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သားသုံးယောက်ရှိပြီး အိမ်ထောင်သက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Mr နဲ့ Mrs Winbury တို့ကို "ပြီးပြည့်စုံတဲ့ စုံတွဲ"လို့ လူအများကတင်စား ကြပါတယ်။ သူတို့သားအလတ်ဖြစ်တဲ့ Banjiရဲ့ လက်ထပ်ပွဲအကြိုနေ့ ညစာစားပွဲမှာ ဇာတ်လမ်းစတင်ထားပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ အကုန်ချောချောမွေ့မွေ့အဆင်ပြေလျက်ပါပဲ။ ဒါပေမဲ့ လက်ထပ်ပွဲလုပ်မဲ့ မနက်မှာ သူတို့ Winbury အိမ်ကြီးရဲ့ ပိုင်နက်ဖြစ်တဲ့ ပင်လယ်ကမ်းစပ်မှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာလည်း လက်ထပ်ပွဲအတွက်အရေးပါတဲ့လူဖြစ်ပြီး လက်ထပ်ပွဲတက်ဖို့ Winbury အိမ်မှာလာတည်းတဲ့ဧည့်သည်ပါ။ ဒီလိုနဲ့လက်ထပ်ပွဲလည်းပျက်၊ Winbury မိသားစုလည်းရဲစခန်းမှာ စစ်မေးခံရ၊ တစ်စတစ်စနဲ့ Winbury မိသားစုရဲ့အရှုပ်တော်ပုံတွေ တစ်ခုချင်းစီပေါ်လာပါတော့တယ်။ "ပြီးပြည့်စုံတဲ့ စုံတွဲ"လို့သတ်မှတ် ခံထားရတဲ့ Mr & Mrs Winbury တို့က တကယ်ရော ပြီးပြည့်စုံနေတာ ဟုတ်ရဲ့လား၊ Winbury မိသားစုထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ၊ ဘယ်သူက ဘယ်သူ့ကို ဘာကြောင့်သတ်လိုက်လဲဆိုတာတွေကိုတော့ စီးရီးထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအစကနေအဆုံးထိ Tempoကောင်းကောင်းနဲ့ဆွဲခေါ်သွားတာ ဖြစ်လို့ Crime/Mystery အမျိူအစား ကြိုက်နှစ်သက်သူတွေလည်း သဘောကျမိမဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ File Size – 1 GB / 500 MB Quality –WEB-DL 1080p HEVC , 720p Episodes - 6 Eps Duration - 54 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Crime , Drama , Mystery Translator – , Muse , Aoi , Aerin & BZW Encoder – Min Wai
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း