ဇာတ်ကားများ ရွေးရန်

Moonflower Murders

2024ဇာတ်လမ်းတွဲအမှတ် 6.0/10

S1 Ep 1 to 3 IMDb Rating 7.7 အထိရရှိထားတဲ့ အရည်အသွေးမြင့်ပြီး အချိန်ပေးကြည့်ရတာတန်တဲ့စုံထောက်မှုခင်း Series ကောင်းလေး တစ်ခုကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီ Series လေးရဲ့နာမည်ကတော့ Moonflower Murders ဖြစ်ပြီး Ep 6 ပိုင်းပါရှိမှာဖြစ်ပါတယ်။ ရှားလော့ဟုမ်းတို့လိုမျိုးလန်ပြန်နေတဲ့စုံထောက်စကေးတွေနဲ့မဟုတ်ပေမဲ့ အပြင်ကအဖြစ်အပျက်တွေကိုအခြေခံပြီးရေးထားတဲ့၀တ္ထုစာအုပ် တစ်အုပ်ကို ပြန်လည်အခြေခံပြီးဖြေရှင်းရတဲ့အမှုမျိုးတွေမလို့ တခြား စုံထောက် Series တွေနဲ့ကွဲထွက်နေပြီးကြည့်ကောင်းမှာတော့အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း ဆူဆန်ဆိုတဲ့အမျိုးသမီးတစ်ယောက်က စာအုပ်အယ်ဒီတာဘ၀ကနေ အနားယူပြီး နယ်မြို့လေးတစ်ခုမှာ ဟိုတယ်ဖွင့်ပြီးအေးဆေးအနားယူ နေခဲ့ပါတော့တယ်။အနားယူတယ်လို့သာပြောတာ ဟိုတယ်မှာပြဿနာတွေ တစ်ခုပြီးတစ်ခုတက်ပြီး ပြင်ဆင်စရာပိုက်ဆံကလည်းမရှိတော့တိုင်ပတ် နေခဲ့ပါတော့တယ်။အဲ့လိုအချိန်မှာသူ့ဆီကိုသူဌေးလင်မယား ၂ ယောက် ရောက်လာပြီး သူတည်းဖြတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်နဲ့ပတ်သတ်ပြီး သူ့ကို လာပြောပါတော့တယ်။အဲ့ဒီစာအုပ်က သူတို့ဟိုတယ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို အခြေခံထားတာဖြစ်ပြီး အဲ့ဒီစာအုပ်ကြောင့်ပဲ သူတို့သမီးပျောက်သွားရတဲ့ အတွက်သူ့ကိုလာအကူအညီတောင်းတာဖြစ်ပါတယ်။ ကူညီခအနေနဲ့ပိုက်ဆံပါပါမယ်ဆိုတော့ သူဖွင့်ထားတဲ့ဟိုတယ်ရှေ့ရေး အတွက်ကတစ်ကြောင်း သူနဲ့သက်ဆိုင်နေတဲ့စာအုပ်ဖြစ်နေတာက တစ်ကြောင်းကြောင့်ကူညီပေးဖို့လက်ခံခဲ့ပြီး စာအုပ်ထဲကလျှို့ဝှက် ဆန်းကြယ်မှုတွေနဲ့ အပြင်ဘ၀ကလူပျောက်ပြဿနာတွေကိုပါအဖြေရှာပုံကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File Size – 734 MB / 349 MB Quality –WEB-DL 1080p HEVC  , 720p Episodes -  6 Eps Duration -  47 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre :  Crime , Drama  , Mystery Translator –  Saw Lay Encoder – Min Wai

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း