ဇာတ်ကားများ ရွေးရန်

Twilight Out of Focus

2024ဇာတ်လမ်းတွဲအမှတ် 5.5/10

MyAnimeList – 7.5/10 Tasogare Out Focus ဆိုတဲ့ BL Manga ကို ပြန်လည်ပုံဖော်ထားတဲ့ ၁၂ ပိုင်းပါ BL Anime လေး ဖြစ်ပါတယ်။ ယောက်ျားလေး အထက်တန်းကျောင်းက ရုပ်ရှင်ကလပ်လေးတစ်ခုကို အခြေခံထားပြီး စုံတွဲ ၃ တွဲ ပုံစံမျိုး တင်ဆက်ထားတာပါ။ ပထမအတွဲလေးကတော့ ဒုတိယနှစ်ကျောင်းသားလေး ၂ ယောက် အဆောင်တစ်ခန်းတည်း အတူတူကျတယ် ဂေးတစ်ယောက်ဖြစ်တဲ့ Ootomo ကို Mao က ဘာမှဝေဖန်ရတာမျိုး မရှိသလို Mao ကလည်း Ootomo ကို မချစ်မိအောင်နေရမယ်ဆိုပြီး ကတိလေးတွေထားပြီး နေထိုင်ခဲ့ရာကနေ ဘယ်လိုဆက်ဖြစ်ကြမလဲ…။ ဒုတိယအတွဲလေးကတော့ စတွေ့ကတည်းက ဘုနဲ့ဘောက်ဆိုသလိုပဲ အရည်အချင်းရှိပြီး ဘယ်သူနဲ့မှ မတည့်တဲ့ Ichikawa ဟာ တတိယနှစ် ရုပ်ရှင်ကလပ်ဥက္ကဌနဲ့ ရန်ဖြစ်နေရာက အဆောင်တစ်ခန်းတည်း ယာယီကျပါတယ်။ ဒါပေမဲ့ အဲဒီမှာ လျှို့ဝှက်ထားတဲ့ အတိတ်လေးတစ်ခုကနေ တဖြည်းဖြည်း ရင်းနှီးလာခဲ့ရာမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ…။ တတိယအတွဲလေးကတော့ ဖြတ်ဖြတ်လူးပြီး ကောင်လေးလိုချင်နေတဲ့ Shion ဆိုတာ ဘဲလိုချင်လွန်းလို့ကို ယောက်ျားလေးကျောင်း ပြောင်းလာပြီး ကလပ်ပေါင်းစုံ ပတ်ဝင်ပေမဲ့ အဆင်မပြေပဲ ရုပ်ရှင်ကလပ်ထဲ ရောက်ခဲ့ရာမှာတော့ အနေအထိုင်အေး ထူးထူးခြားခြားရှိတဲ့ တတိယနှစ်အစ်ကိုကြီး Rei နဲ့ ဆုံတွေ့ခဲ့ရာကနေ ဘာတွေဆက်ဖြစ်မလဲ။ စသဖြင့် အထက်တန်းကျောင်းသားတွေ ရုပ်ရှင်ကလပ်မှာ ဘယ်လိုတွေ ကြိုးစားကျော်ဖြတ်ကြသလဲဆိုတာကို ဗဟိုပြုပြီး BL အချစ်ဇာတ်လမ်းလေးတွေကို တင်ဆက်ပေးထားတဲ့ Anime ပဲ ဖြစ်ပါတယ်ခင်ဗျာ။ File Size :  320 MB Quality : WEB-DL 1080p / 720p Running Time : 25m Format : Mp4 Genre : Anime, BL, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း