ဇာတ်ကားများ ရွေးရန်

Three Women

2024ဇာတ်လမ်းတွဲအမှတ် 7.5/10

IMDB Rating 6.6 အထိ ရထားတဲ့ Three Women ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းက နာမည်အတိုင်းပဲ မတူညီတဲ့ အလွှာအသီးသီးက အမျိုးသမီး သုံးဦးအကြောင်းပါ။ သူတို့တွေမှာ တူညီတဲ့ အရာကတော့ သူတို့တွေကိုယ်တိုင်ရဲ့ မပြည့်ဝတဲ့ စိတ်ဆန္ဒလိုလား တောင့်တမှုတွေ၊ တခြားသူတွေ နားမလည် မမြင်နိုင်တဲ့ အထီးကျန် ခံစားမှုတွေပါ။ အမေရိကန် နိုင်ငံတလွှားမှာ လိင်မှုရေးရာနဲ့ ပတ်သတ်ပြီး အမျိုးသမီးတွေဘက်က ဆန္ဒမပြည့်ဝမှုတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ဒီအရာတွေအပေါ် ဘယ်လိုမျိုး တုံ့ပြန်မှုတွေ ရှိသလဲ ဆိုတာတွေကို မြင်သာအောင် ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီစီးရီးမှာ ခံစားချက်ကင်းမဲ့နေတဲ့ အိမ်ထောင်ဖက် ခင်ပွန်းက ထိကိုင်ဖို့ကိုတောင် ငြင်းဆန်ခံနေရတဲ့ အိမ်ထောင်ရှင်မ လီနာ ဆိုတဲ့ အမျိုးသမီး၊ အောင်မြင်တဲ့ လုပ်ငန်းပိုင်ရှင်ဖြစ်ပြီး စားဖိုမှူး ခင်ပွန်းသည်နဲ့ အတူ open relationship ရှိနေတဲ့ ဆလုံးဆိုတဲ့ စွန့်ဦးစီးပွားရေးပိုင်ရှင် အမျိုးသမီး၊ အတိတ်ရဲ့ အရိပ်မည်းအောက်မှာ ပိတ်မိနေပြီး ဘဝရှေ့ဆက်ဖို့ ကြိုးစားရုန်းကန်နေတဲ့ မက်ဂီဆိုတဲ့ စားပွဲထိုးမလေး... ဒီသုံးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ သူတို့တွေအကြောင်းကို ရေးသားဖို့ ကြိုးစားနေတဲ့ စာရေးဆရာမ ဂျီယာ...။ ဒီစီးရီးက သမားရိုးကျ စီးရီးတွေကနေ ခွဲထွက်ပြီး အမျိုးသမီးတွေရဲ့ လိင်မှုရေးရာ အခန်းကဏ္ဍ၊ အထီးကျန် အားငယ်မှုတွေ၊ လူ့အသိုင်းအဝိုင်းရဲ့ မေးခွန်းထုတ်ချင်စရာ ပြုမူလုပ်ဆောင်ချက်တွေအကြောင်းကို ရိုးသားစွာနဲ့ ထင်ဟပ်တင်ပြထားတဲ့ စီးရီးကောင်းတစ်ခုလို့ ပြောချင်ပါတယ်။ File Size – 1 GB / 500 MB Quality –WEB-DL 1080p HEVC  , 720p Episodes -  10 Eps Duration -  55 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre :  Drama Translator –  Aoi , Muse , JULY  ,  Alice , Aerin  & BZW Encoder – Min Wai

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း