ဇာတ်ကားများ ရွေးရန်

Corrupted

2024ဇာတ်လမ်းတွဲ

အာဂလူလိမ် (၂၀၂၄) တက္ကသိုလ်‌ကျောင်းသူ လီယူဟာ မထင်မှတ်ထားဘဲနဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုမှာ အလုပ်သင်အဖြစ်လုပ်ကိုင်ခွင့်ရလာခဲ့ပါတယ် ဒါပေမယ့်လည်း အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရရုံသာမက လုပ်ဖော်ကိုင်ဖက်‌တွေဆီက အနိုင်ကျင့်တာတွေကိုပါ ကြုံရပါတယ် အဆိုးဆုံးကတော့ လီယူရဲ့ CEO ရာချင်နဲ့ အမြဲပဋိပက္ခဖြစ်တာပါပဲ ဘာပဲဖြစ်ဖြစ် လီယူတစ်ယောက်‌‌ကတော့ လုံးဝမလက်လျှော့ပါဘူး ဒါ‌ပေမယ့်လည်း ကံမကောင်းအကြောင်းမလှစွာနဲ့ လီယူရဲ့အဖွားကလည်း နေမကောင်းဖြစ် တပ်ကြပ်ဟောင်းဖြစ်တဲ့အဖေကလည်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတဲ့အချိန် အမှောင်ထဲကအလင်းလို ရာချင်က လီယူကို ကူညီပေးခဲ့ပါတယ် ရာချင်ဘက်မှာလည်း ကုမ္ပဏီအချက်အလက်နဲ့ပတ်သတ်ပြီး အကြပ်ရိုက်နေချိန် လီယူတစ်ယောက် ကုမ္ပဏီငွေ အလွဲသုံးစားလုပ်မှုအကြောင်းကို ခြေရာခံမိသွားပါ‌တော့တယ် ဒီလိုနဲ့ အမှန်တရားရှာဖွေဖို လီယူထွက်လာခဲ့တာ ဘုန်းကြီးကျောင်း ပြောင်းလာနေတဲ့ ကိုရင်လေးတစ်ပါးနဲ့ ဆုံပါတော့တယ် တိုက်တိုက်ဆိုင်ဆိုင် ကိုရင်လေးကလည်း ဘုန်းကြီးကျောင်းကလူတွေရဲ့ လှုပ်ရှားမှု မသင်္ကာဖြစ်နေတာပါ လီယူတစ်ယောက် စုံစမ်းရင်းစုံစမ်းရင်းနဲ့ အဂတိလိုက်စားမှုကြီးမှာ သူက တစ်စိတ်တစ်ပိုင်းပါဝင်နေတာကို သိလိုက်ရတဲ့အချိန်မှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူလိုက်ရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 650mb | 250MB Format… mp4 Duration…. 50min Episodes ..... 8 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dao Encoder ..... Aaron အာဂလူလိမ် အတွဲ (၂) အရာအားလုံးဆုံးရှုံးလိုက်ရတဲ့ လီယူတစ်ယောက် ဝမ်းနည်းပူဆွေးမှုတွေနဲ့ နစ်မြှုပ်နေခဲ့ပေမယ့် တရားမျှတမှုတော့ ရှာဖွေနေဆဲပါ ရာချင်ကတော့ လူသတ်မှုနဲ့ဖမ်းဆီးခံထားရပေမယ့် အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်ပါတယ်လို့ စွပ်စွဲခံထားရပါတယ် ဒါကြောင့် လီယူကလည်း ဒီအစအနတောင်ရှာမရတဲ့အာဂလူလိမ်ဂိုဏ်းကြီးကို ဖော်ထုတ်ဖို့ ဘယ်လိုတွေဆက်လက်ကြိုးစားသွားမလဲဆိုတာကတော့ “ အာဂ လူလိမ်” အတွဲ-၂မှာ ဆက်လက်ကြည့်ရှုကြရအောင်ပါ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Duration…. 02:01:00

အပိုင်းများ

20 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း