ဇာတ်ကားများ ရွေးရန်

Pennyworth: The Origin of Batman's Butler

2019ဇာတ်လမ်းတွဲအမှတ် 7.9/10

Pennyworth: The Origin of Batman's Butler Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့် လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်‌တော်ရဲ့ အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်‌ဆက် Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။ ဘတ်မန်းဇာတ်လမ်း‌မျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီး လိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလို ခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။ အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာ Alfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်း ဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီး‌တွေချည်းပါပဲ။ Alfred ဟာ ဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။ ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့ လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှ ာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်‌လာအောင်က နောက်ကွယ်မှာ Alfred ရဲ့ အခန်းကဏ္ဍတွေအများကြီးပါခဲ့တယ်ဆို မှားမယ်မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့အကြောင်းကို များများစားစား မသိခဲ့ကြရဘူးမလား။ Gotham Series ရှိသေးပေမဲ့လည်း ခု Pennyworth စီးရီးကတော့ Alfred ကိုပဲ အဓိက ဇာတ်အိမ်တည်ထားတာမို့ သူ့ချည်းပဲ တဝကြီး ကြည့်ရပါလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ဗြိတိန်လေတပ်ထွက်ဆိုတော့ SH Series တစ်ခုအစား Spy Thriller စီးရီးတစ်ခု ကြည့်နေရသလိုကို အရသာရှိပါလိမ့်မယ်။ ဗြိတိန်လေတပ်ကနေထွက်ပြီး ဝင်ငွေရှာဖို့ ကိုယ်ပိုင်လုံခြုံရေးကုမ္ပဏီ စထောင်ခဲ့တဲ့ဘဝကနေ နောက်ကျ သူနဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာမယ့် သောမတ်ဝိန်း ကမ်းလှမ်းတာကို ငြင်းပြီး အရှေ့အင်္ဂလန်မှာဖြစ်နေတဲ့ နိုင်ငံရေးမုန်တိုင်းကြားထဲ ဓားခုတ်ရာ လက်ဝင်လျှိုမိသားဖြစ်သွားတဲ့ Alfred ရဲ့ အကြောင်းကို စမြင်ရပါလိမ့်မယ်။ သူ့အရှေ့မှာလည်း ဒီလိုပဲ DC ရဲ့ Post-Crisis နဲ့ New 52 Comics ‌ဗားရှင်းတွေကို အခြေခံခဲ့တဲ့ Alfred ပါတဲ့ Gotham Series ရှိသေးပေမဲ့လည်း ခု Pennyworth စီးရီး ကတော့ Post-Crisis Version ကိုပဲ အများဆုံးအခြေခံထားတဲ့ Alfred ကိုပဲ အဓိက ဇာတ်အိမ်တည်ထားတာမို့ ရှေးခေတ်ဆန်ဆန် ဇာတ်အိမ်နဲ့ သူ့အကြောင်းချည်းပဲ တဝကြီး ကြည့်ရ၊ သူ့တော်ကီတွေ တဝကြီး နားထောင်ရပါလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ဗြိတိန်လေတပ်ထွက်ဆိုတော့ SH Series တစ်ခုအစား Spy Thriller စီးရီးတစ်ခု ကြည့်နေရသလိုကို အရသာရှိပါလိမ့်မယ်။ အညွှန်းကိုတော့ Ye Khant က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX , Jaka , Pyi Ti Nyein , Thiha Yan Naing တို့ပဲ ဖြစ်ကြပါတယ်။ Episodes:30 File Size: 860MB & 409MB (episode) Quality :Web-Dl 1080p,720p Genres: Action , Crime , Drama Translated by JimX , Jaka , Pyi Ti Nyein , Thiha Yan Naing Encoded by Min Wai

အပိုင်းများ

30 အပိုင်း၊ season 3 season

ဇာတ်လမ်းအကြောင်း