ဇာတ်ကားများ ရွေးရန်

Love The Way You Are

2022ဇာတ်လမ်းတွဲအမှတ် 4.5/10

Love the way you are (2022) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပေါ့​ပါ့ပါးပါးလေးနဲ့ အချိုပေါ်သကာလောင်းထားတဲ့ ရိုမန့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Main Cast တွေအနေနဲ့ အားလုံးနဲ့ရင်းနှီးပြီးသား  Angela Baby က၃၅နှစ်အရွယ်မမ အဖြစ်ပါဝင်ထားပြီး၊ A little thing called first love ထဲက မင်းသားလေး Lai Kuan Lin မမကိုကိုးကွယ်မယ့်မောင်လေးအဖြစ်ပါဝင်ထားပါတယ်။ ဒါရိုက်တာကလည်း Love is sweet ရိုက်တဲ့ဒါရိုက်တာဆိုတော့ ဘယ်လောက်တောင်ချိုမလဲမှန်းသာကြည့်တော့။  ဇာတ်လမ်းအကျဥ်းကတော့ Yin Yi Ke ဟာ အသက်၃၅နှစ်အရွယ်အမျိုးသမီးဖြစိပြီး ၊ အလုပ်ရောအိမ်မှာပါ တာဝန်ကျေပွန်တဲ့ပြီးပြညွစုံတဲ့အမျိုးသမီးတစ်ယောက်ပေါ့။ ထက်မြက်ပြီးရင့်ကျက်တည်ငြိမ်တဲ့ မမ type ဆိုပါတော့။ သူ့ဘေးနားကလူတွေကို ဂရုစိုက်ပေးတတ်ပေမယ့် သူ့ကိုယ်သူဂရုစိုက်ဖို့တော့သူမဟာမေ့နေခဲ့ပါတယ်။ Xu Guang Xi ကတော့ Yin Yi Ke ရဲ့ငယ်ကျွမ်းဆွေဖြစ်ပြီး " မမ သရဏံ ဂစ္ဆာမိ" ဆိုပြီး မမကိုကိုးကွယ်မယ့် ကောင်ငယ်လေးပဲဖြစ်ပါတယ်။  မမနဲ့မောင်လေးတွေ့ကြတဲ့အခါမှာတော့ မမကြွေအောင် မောင်လေးကဘယ်လိုတွေခြွေလိမ့်မလဲ။ အသက်ကွာဟလွန်းတဲ့ relationship တစ်ခုကို တည်ဆောက်ရတဲ့နေရာမှာရောအဆင်ပြေပါ့မလား။ အဘက်ဘက်က ကွာခြားနေတဲ့သူတို့နှစ်ယောက်ရဲ့အချစ် ခရီးလမ်းမှာ ဘယ်လိုတွေညှိယူကြမယ်၊ အချစ်တစ်ခုတည်မြဲအောင် ဘယ်လိုကြိုးစားကြမယ်ဆိုတာကို အချိုတွေထုံမွှမ်းထားတဲ့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ဖြစ်ပါတယ်) Quality : WEB-DL 720p Total Episodes : 30 Format : mp4 Genres : Romance,Life Duration : 45 min per Episode Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

အပိုင်းများ

30 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 30 အပိုင်း

ဇာတ်လမ်းအကြောင်း