ဇာတ်ကားများ ရွေးရန်

Brilliant Minds

2024ဇာတ်လမ်းတွဲအမှတ် 8.0/10

Brilliant Minds 2024 IMDb - 6.8/10 နာမည်ကျော်အာရုံကြောဆရာဝန် စာရေးဆရာ Oliver sackရဲ့ သူ့ရဲ့ဆရာဝန်သက်တမ်းတစ်လျှောက်မှာ ကြုံရတဲ့ ထူးဆန်းတဲ့caseတွေအကြောင်း ရေးထားတဲ့စာအုပ်နှစ်အုပ်ကို အခြေခံရိုက်ကူးထားတဲ့ Brilliant Minds ဒီကားလေးနဲ့ တခြားဆရာဝန်ဇာတ်လမ်းတွဲတွေ မတူတဲ့အချက်ကတော့ ဒီဇာတ်လမ်းမှာပါမယ့် caseတွေလူနာတွေက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့mastermindလည်းဖြစ် ဆေးပညာမှာ လေ့လာနေသမျှထဲမှာ လေ့လာလို့မဆုံးနိုင်သေးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ထူးထူးခြားခြားcaseတွေကိုပဲ ကြည့်ရှုခံစားရမှာပါ။ ဒေါက်တာဝုဖ်ဟာ ပါရမီရှင်လို့တင်စားရလောက်တဲ့ ဦးနှောက်အာရုံကြောပါရဂူတစ်ယောက်၊ ပါရမီရှင်ပီပီ ကိုယ်မှန်တယ်ထင်ရာကို တဇွတ်ထိုးလုပ်တတ်သလို လူတိုင်းနဲ့လည်းအဆင်မပြေတဲ့ လူ့ဂွစာကြီးပေါ့။ ကုသရေးအတွက် လူနာအကျိုးအတွက် လိုအပ်လာမယ်ဆိုရင် စည်းကမ်းဆိုတာလည်း ချိုးဖောက်ဖို့ ဝန်မလေးတဲ့သူပီပီ လောလောလတ်လတ် အလုပ်ပြုတ်လာတဲ့ဝုဖ်ကို သူငယ်ချင်း ကယ်ရိုလ်က ဘရွန့်စ်ဆေးရုံမှာ လာလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ ဝုဖ်တစ်ယောက် အစပိုင်းမှာတော့ ခါးခါးသီးသီးငြင်းနေပေမဲ့ ဝုဖ်ကိုနားလည်နေတဲ့ကယ်ရိုလ်ရဲ့စည်းရုံးရေးနဲ့ တစ်သက်လုံး လူနာတွေအတွက်ပဲ ဘဝကိုမြှုပ်နှံထားသူပီပီ လူနာတွေကို မကုသရရင် မနေနိုင်တဲ့ ဝုဖ်တစ်ယောက် ဘရွန့်စ်ဆေးရုံမှာ အလုပ်သင်တစ်သိုက်နဲ့ လူနာတွေကို ကုသပေးဖို့ ဖြစ်လာတဲ့အခါ.... ဘရွန့်စ်ဆေးရုံအသံကြားတာနဲ့ ဒေါက်တာဝုဖ်တစ်ယောက် ဘာလို့အကြောက်အကန်ငြင်းနေတာလဲ။ သူ့ရဲ့ မျက်နှာတွေကို မမြင်ရတဲ့ရောဂါကရော ဘယ်လိုဖြစ်လာတာလဲ။ ထူးဆန်းတဲ့စရိုက် ထူးဆန်းတဲ့ရောဂါရှိနေတဲ့ဆရာနဲ့ အလုပ်သင်တပည့်တစ်သိုက်ကရော ဘယ်လိုဆန်းပြားတဲ့လူနာတွေနဲ့caseတွေကို ကုသမှုပေးကြမလဲဆိုတာ ရှုစားကြရအောင်ပါ။ File Size – 789 MB(Appx;)@Episode Quality – 1080p WEB DL Duration –43minute (@Episode) Total Episodes:6Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Translator – Alex

အပိုင်းများ

13 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 13 အပိုင်း

ဇာတ်လမ်းအကြောင်း