Like a Dragon: Yakuza
အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ယာကူဇာဆိုတဲ့ ဂျပန်ကလူမိုက်ဂိုဏ်းကြီးတွေကို မသိတဲ့ လူရှိမှာတော့မဟုတ်ပါဘူး။ယာကူဇာတွေဆိုတာ ဟိုးအရင်ခေတ် ကတည်းကရှိလာခဲ့ပြီး အခုထက်ထိလည်းရှိနေသေးတဲ့ ဂျပန်မှာဆိုရင် အသံကြားတာနဲ့တောင် ကြောက်ရတဲ့လူမိုက်ဂိုဏ်းကြီးတွေ ဖြစ်ပါတယ်။အဲ့ဒါတွေကိုပိုထင်သာ မြင်သာရှိဖို့အတွက် Yakuza ဆိုတဲ့ဂိမ်းတွေထွက်ခဲ့ပြီး နာမည်လည်းတော်တော်ကြီးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Animated Movie တွေ Live Action တွေလည်းအများကြီးထွက်ခဲ့ပါသေးတယ်။အခုတင်ဆက်ပေးမဲ့ Series ကလည်း နာမည်ကြီးယာကူဇာဂိမ်းတွေထဲက Like a Dragon ရဲ့ Live Action Series ဖြစ်ပါတယ်။ လက်ရှိ IMDb Rating 6.2 အထိရရှိထားပြီး ယာကူဇာတွေနဲ့ ပတ်သတ်လာရင်တော့ကြည့်လို့ကောင်းမဲ့ Series ပဲဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၉၅ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်ကြားမှာအခြေခံ ရိုက်ကူးထားတာဖြစ်ပြီး အဓိကဇာတ်ကောင်တွေကတော့ မိဘမဲ့ ဂေဟာတစ်ခုမှာနေနေတဲ့မောင်နှမ ၄ ယောက်ပဲဖြစ်ပါတယ်။ ဆွေမျိုးသားရင်းတော့မဟုတ်ပေမဲ့ မိဘမဲ့ဂေဟာမှာအတူတူ နေလာတာကြာတော့ မောင်နှမအရင်းတွေလိုဖြစ်နေကြပါပြီ။ ဒါပေမယ့်သူတို့က မိဘမဲ့ဂေဟာကြီးမှာပဲတစ်သက်လုံးမနေချင်တဲ့ အတွက် ထွက်သွားဖို့ကြံစည်ကြပါတော့တယ်။၄ ယောက်လုံး ထွက်သွားဖို့ ပိုက်ဆံလိုတဲ့အတွက် မြို့ထဲကစလော့ဂိမ်းဆိုင်ကြီးကို သေချာအကွက်ချပြီးပိုက်ဆံဝင်ခိုးပါတော့တယ်။ ရလာတဲ့ပိုက်ဆံတွေကအများကြီးဆိုပေမယ့် ဖြစ်ချင်တော့ အဲ့ဒီစလော့ဂိမ်းဆိုင်ကြီးကို ယာကူဇာဂိုဏ်းကပိုင်တာဖြစ်တဲ့ အတွက် နောက်နေ့မှာသူတို့ကိုလာဖမ်းပါတော့တယ်။အကုန်လုံးကို သတ်ခါနီးမှာမှ ဂိုဏ်းထဲဝင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကယ်ပေါက်ရသွားခဲ့ပြီး နောက်ပိုင်းမှာတော့မောင်နှမ ၄ ယောက်လုံး တစ်ယောက်တစ်လမ်းစီသွားကြရင်းနဲ့ ကြီးမားကျယ်ပြန့်တဲ့ ယာကူဇာလောကကြီးမှာဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ Series ကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။ File Size – 770 MB / 389 MB Quality –WEB-DL 1080p HEVC , 720p Episodes - 6 Eps Duration - 45 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Action , Crime , Drama , Mystery , Thriller Translator – Saw Lay Encoder – Min Wai
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း