ဇာတ်ကားများ ရွေးရန်

Citadel: Diana

2024ဇာတ်လမ်းတွဲအမှတ် 7.8/10

IMDb Rating – 5.9 /10, Rotten Tomatoes 82% စပိုင်/အက်ရှင်ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ကြည့်ရှုရနှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ Citadel (၂၀၂၃) ကို အခြေခံပြီး ရိုက်ကူးထားတဲ့ အီတာလျံစပိုင်ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - ‘ဒီယာနာ’နဲ့ ‘ဆာရာ’တို့ရဲ့ မိဘနှစ်ပါးဟာ ၂၀၁၇ ခုနှစ်မှာ ပဲရစ်ကနေ မီလန်ကိုအလာ အပ်လ်တောင်တန်းပေါ်မှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီယာနာက စိတ်ထဲတနုံ့နုံဖြစ်နေတဲ့အတွက် လိုက်လံစုံစမ်းတဲ့အခါ သူမကို Citadel အေးဂျင့်တစ်ယောက်က ဆက်သွယ်လာပါတော့တယ်။ သူမထင်သလိုပဲ လေယာဉ်ပျက်ကျမှုက ချို့ယွင်းချက်ကြောင့် ပျက်ကျတာမဟုတ်ဘဲ ဖောက်ခွဲတိုက်ခိုက်ခံရတာပါ။ ( ဒီနေရာမှာ Citadel ဆိုတာနဲ့ပတ်သက်ပြီး အေးဂျင့်ဘက်က သူမကိုရှင်းပြခဲ့တာက - ကမ္ဘာပေါ်မှာ ထောက်လှမ်းရေးအဖွဲ့မှန်ရင် နိုင်ငံတွေကို စစ်မီးမငြိမ်းအောင် လုပ်မယ်/ အစိုးရတွေကို ဖြုတ်ချနိုင်တယ်/ အကြမ်းဖက်-တိုက်ခိုက်မှုဆိုတာကလည်း သူတို့နဲ့သိပ်မကင်းပြန်ဘူး/ ပြိုင်ဘက်အဖွဲ့တွေကိုလည်း သုတ်သင်ရှင်းလင်းတတ်ပါသေးတယ်။ ဒီတော့ လူတစုက Citadel ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီကို တည်ထောင်လိုက်တယ်။ Citadel အေဂျင်စီဟာ ဘယ်သူဌေး ဘယ်နိုင်ငံရဲ့ လက်အောက်မှာမှ မရှိဘဲ ကမ္ဘာကြီးပိုမိုငြိမ်းချမ်းပြီး လုံခြုံဘေးကင်းစေဖို့ဆိုတဲ့ မူဝါဒကိုပဲ ဖော်ဆောင်ရမှာပါ။ ) လေယာဉ်ပျက်ကျမှုအပြင် ဥရောပတခွင်လုံးအကြမ်းဖက်မှုတွေက Manticore ဆိုတဲ့ ထောက်လှမ်းရေးအဖွဲ့စုရဲ့ ပယောဂမကင်းပါဘူး။ ဒီယာနာအနေနဲ့ Citadel အေးဂျင့်အဖြစ် လေ့ကျင့်ရေးဆင်းပြီးနောက်မှာ သူမကို Manticore (အီတလီ) ရဲ့ အဖွဲ့ထဲကို ဝင်ခိုင်းပြီး double agent လုပ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ၂၀၂၂ ခုနှစ်မှာ ဒီယာနာက Manticore ထဲကို အေးဂျင့်အဖြစ် ဝင်ရောက်ခွင့်ရသွားပါတယ်။ ကံဆိုးတာကတော့ သူမအလုပ်ထဲဝင်ပြီး သိပ်မကြာခင်မှာပဲ Citadel အဖွဲ့ကြီးကို တကမ္ဘာလုံးမှာရှိတဲ့ Manticore အေဂျင်စီတွေက တပြိုင်နက်တိုက်ခိုက်ပြီး အမြစ်ဖြတ်သုတ်သင်လိုက်တော့တာပါပဲ။ ဒီတော့ ဒီယာနာတစ်ယောက် ရန်သူ့နယ်မြေထဲမှာ Citadel ရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ အေးဂျင့်အနေနဲ့ တစ်ယောက်တည်းကျန်ခဲ့ပြီး သူမရဲ့ သရုပ်မှန် မပေါ်စေရေးနဲ့ Manticore အဖွဲ့စုကနေ လွတ်မြောက်ရေးတို့ကို ရုန်းကန်ရတဲ့အကြောင်းကို မြင်တွေ့ရမှာပါ။ မူလဇာတ်လမ်းတွဲဖြစ်တဲ့ Citadel (၂၀၂၃) မှာတော့ Bodyguard စီးရီးမင်းသား Richard Madden နဲ့ မမ Priyanka Chopra တို့က Citadel ရဲ့ ထိပ်တန်းသူလျှိုအေးဂျင့်တွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ Citadel: Honey Bunny (India) ဆိုပြီးတော့ ဆက်လက်ထွက်ရှိဖို့လည်း ရှိပါသေးတယ်။ File size…(751 MB)/(421 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:45:00 Genre...Action, Adventure, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Nway Oo K Zaw

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း