Gundam: Requiem for Vengeance
Gundam ကိုတော့ ကျွန်တော်တို့အကုန်လုံးသိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ Power Rangers တွေရှိခဲ့သလိုပဲ Gundam လည်းတစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်။ Gundam ဟာ ဂျပန် Animation (Anime) တစ်ခုဖြစ်ပြီး Yoshiyuki Tomino နဲ့ Bandai Namco Filmworks တို့လက်တွဲပြီးထုတ်လုပ်ထားတဲ့ စိတ်ကူးယာဉ် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပထမဦးဆုံး Series ကို ၁၉၇၉ ခုနှစ်မှာ စတင်လွှင့်ခဲ့တာဖြစ်ပြီး အတော်လေးပရိသတ်တွေကြားထဲကို အထူးသဖြင့် လူငယ်ပရိသတ်တွေကြားထဲမှာ ရေးပန်းစားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ Transformers ဆိုတဲ့ စက်ရုပ်တွေကို စမသိခင်မှာ Gundam ဆိုတဲ့ လူသားဝင်ထိန်းလို့ရတဲ့ စက်ရုပ်တွေကို အရင်သိကျွမ်းခဲ့ရပါတယ်။ Gundam: Requiem for Vengeance (2024) ကတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကမှ ထွက်ရှိထားတဲ့ Anime Series အသစ်ဖြစ်ပါတယ်။ ငယ်ဘဝကို လွမ်းမိစေမှာဖြစ်သလို၊ အခုချိန်ထိကြည့်လို့ကောင်းနေတဲ့ Series တစ်ခုဖြစ်ကြောင်းကိုလည်းမြင်ရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း ခုနှစ်က Universal ရာစုနှစ် ၀၀၇၉၊ ဇီယွန်နိုင်ငံတပ်တော်ကြီးဟာ အာကာသ ကိုလိုနီများဖြစ်တာနဲ့အညီ ကမ္ဘာကို စစ်မျက်နှာဖွင့်ကာ ကျူးကျော်လာခဲ့ပါတယ်။ အဲဒီမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရေးရှင်းတပ်မတော်က ဇီယွန်တပ်တော်ကို ပြန်လည်တွန်းလှန်ခဲ့ပါတယ်။ စစချင်းမှာတော့ နည်းပညာအစစအရာရာသာတဲ့ ဇီယွန်တပ်တော်ကြီးဟာ ကမ္ဘာဖက်ဒရေးရှင်းတပ်ပေါင်းစုကို ဦးနှိမ်ကာ အသာစီးကနေ တိုက်နိုင်ခဲ့ပါတယ်။ သို့သော်လည်း သူတို့ဟာ တစ်ကမ္ဘာလုံးကို အပြည့်မသိမ်းနိုင်ခဲ့ပါဘူး။ ဒါတင်မကသေးပဲ ဖက်ဒရေးရှင်းတွေဟာ ဇီယွန်တွေရဲ့ စခန်းတစ်ခုကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။ တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ ဇီယွန်တွေကြားထဲမှာ "Red Wolves" တပ်ခွဲက ကပ္ပတိန် အီရီယာ ဆိုလာရီဦးဆောင်တဲ့ "Mobile Suit" တပ်ဖွဲ့လည်းပါဝင်ခဲ့ပါတယ်။ သူတို့ဟာ "Mobile Suit" ရှိနေတာတောင်မှ ဖက်ဒရေးရှင်းတို့ရဲ့ အမည်မသိနည်းပညာကို ကျော်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီလိုနဲ့ အီရီယာတို့ဟာ ကမ္ဘာမြေမှာပိတ်မိနေပြီး ဌာနချုပ်ကိုပြန်ဖို့ကြိုးစားပါတော့တယ်။ ဖက်ဒရေးရှင်းတွေမှာ ဘာနည်းပညာတွေရှိနေတာလဲ။ နည်းပညာအစစအရာအရာသာတဲ့ ဇီယွန်တို့ရဲ့ စခန်းပျက်သွားလောက်တဲ့အထိ ဘာတွေများရှိနေတာလဲ။ အီရီယာတို့ ဘယ်လိုများ ဖောက်ထွက်သွားမှာလဲဆိုတာကို ဆက်ပြီးခံစားကြည့်လိုက်ကြပါခင်ဗျာ။ File Size : 650 Quality : WEB-DL 1080p Running Time : 23min Format : Mp4 Genre : Action, Adventure, Animation Subtitle : Myanmar Subtitle (Hard Sub) Translated by : CM Team Encode by : Thit San Khant
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း