High School of the Dead
ဇွန်ဘီးတွေကို တိုက်ခိုက်တာလည်း ကြည့်ချင်တယ်၊ ဇာတ်လမ်းကောင်းတာလေးလည်း ဖြစ်ရမယ်၊ အထက်တန်းကျောင်းသူလေးတွေ ဆရာမတွေရဲ့ ဟိုပေါ် ဒီပေါ် ဆက်စီလေးတွေလည်း ပါချင်သေးတယ်ဆို ဒီ Anime စီးရီးကောင်း/ဟောင်းလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ။ တစ်ခုရှိတာကတော့ အသစ်ထွက်စီးရီး မဟုတ်ပဲ ၂၀၁၀ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပါတယ် ဒါမို့ ကြည့်ပြီးသားလူတွေလည်း ပြန်နွှေးပြီး မကြည့်ရသေးတဲ့လူတွေလည်း ခံစားကြည့်ပေါ့။ ဇာတ်လမ်းလေးကတော့ ငယ်ငယ်လေးကတည်းက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးက သူများနဲ့ ဖြစ်နေလို့ အသည်းကွဲနေတဲ့ ကောင်ဇိုးလေးရယ်၊ သူ ကြိုက်နေတဲ့ ခပ်လန်းလန်း ကောင်မလေးရယ်၊ ဉာဏ်ကောင်းပေမဲ့ စွာတေးလန်လွန်းတဲ့ မှန်ကြောင်လေးရယ်၊ သွေးအေးအေးနဲ့ ကန်ဒိုသိုင်းပညာရှင် ဂျပန်ဂျက်မအလန်းစားရယ်၊ သူတို့ ကျောင်းက XL ဆိုဒ် ပေါက်စီနဲ့ သူနာပြုဆရာမတစ်ယောက်ရယ်၊ ကျောင်းမှာ အူကြောင်ကြောင်နဲ့ စစ်တပ်ဆိုင်ရာကြမ်းပိုးဖြစ်နေပေမဲ့လည်း လိုအပ်လာရင် ရှယ်ကြမ်းပြတဲ့ ဖက်တီးလေးရယ် အားလုံးက ဇွန်ဘီးကပ်ဘေးဆိုက်လာတဲ့အချိန် သူတို့ အထက်တန်းကျောင်းကနေ ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးပမ်းကြမလဲဆိုတာ အက်ရှင်အလန်းတွေ ခပ်မိုက်မိုက်ကောင်မလေးတွေနဲ့ Ecchi ဆန်ဆန်လေး ကြည့်ရမှာပါ။ Ecchi ဆိုတဲ့ အမျိုးအစားကို မသိသေးတဲ့လူတွေအတွက် ရှင်းပြရမယ်ဆို သူက ကိမုချိတို့လို တစ်ခါတည်း အိပ်ရာပေါ် ရောက်တာမျိုး မဟုတ်ပဲ မလုံတလုံလေးတွေ ရင်သားတင်သားလေးတွေနဲ့ လိင်အသားပေးဆန်ဆန်လေးတွေလည်း ထည့်သွင်းရိုက်ပြတာမျိုးပါ ဇွန်ဘီးတွေ ချရင်း အပျင်းလည်းပြေး ငမ်းရတာပေါ့ဗျာ။ ဒီစီးရီးထဲက မင်းသား သေနတ်ပစ်တဲ့အခန်းဆိုလည်း အရမ်းကို နာမည်ကြီးပါတယ် Matrix တို့ Wanted တို့လို Slow-mo အလန်းစားကို ဆော်လေးနှစ်ပွေနဲ့ ပစ်ပြသွားတာပါ Clip အတိုလေးတွေလည်း ထွက်ပါသေးတယ်။ နောက်ပြီး အထက်တန်းကျောင်းဆိုလို့ ကျောင်းမှာတင် ပြီးသွားတာမျိုးမဟုတ်ပဲ ဇာတ်အိမ်က ပိုကျယ်လာပြီး လူတွေရဲ့အတ္တတွေ သရုပ်မှန်တွေလည်း ပါပြီး တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းဇာတ်လမ်းကောင်းလေးတွေလည်း ပါဝင်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ဒီဇာတ်လမ်းရဲ့ ဖန်တီးသူ Daisuke Sato ဟာ ၂၀၁၇ ခုနှစ်တုန်းက နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ (ကောင်မလေးများရဲ့ အပေါ်ပိုင်းအလှ အောက်ပိုင်းအလှ မလုံတလုံလေးတွေ ဆက်စီဆန်တာလေးတွေပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ အဆင်မပြေပါဘူး R Rated လည်း ဖြစ်တဲ့အတွက် သတိထား ကြည့်ရှုစေလိုပါတယ်ခင်ဗျာ) File Size : 500 MB Quality : WEB-DL 1080p Running Time : 25min Format : Mp4 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း