ဇာတ်ကားများ ရွေးရန်

Marry You

2024ဇာတ်လမ်းတွဲ

Marry You (2024) ဂင်ချားနားကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးတို့အတွက် အချစ်ဇာတ်လမ်းရသကို ဟာသအနှောနဲ့ရိုက်ကူးထားတဲ့ “Marry You” အမည်ရတဲ့ဇာတ်ကား ရောက်ရှိလာခဲ့ပါပြီ။ နယ်ကျွန်းမြို့လေးပေါ်မှာ အမြွှာတူ တူမ နှစ်ယောက်နဲ့အတူ နေထိုင်ကာ အိမ်ထောင်ပြုဖို့ လုံးဝကို စိတ်ကူးမရှိတဲ့ ရွာသားလေး ဘုံချောဟီ..။ စီမံရေးအစိုးရအမှုထမ်းတစ်ယောက်အနေနဲ့ အလုပ်အတည်တကျရှိသော်လည်း အတိတ်အကြောင်းတွေနဲ့ ကိုယ်ပိုင်ခံယူချက်တွေကြောင့် အိမ်ထောင်ရေးဆိုတာကို အယုံအကြည်မရှိဘဲ အပျိုကြီးလုပ်ဖို့ သိန္နိဌာန်ချထားတဲ့ ဂျောင်ဟာနာ..။ တစ်နေ့မှာတော့ ဂျောင်ဟာနာဟာ အလုပ်က အထက်လူကြီးရဲ့အပေးအယူကြောင့် “အိမ်ထောင်ရေးဘဝ ထူထောင်ရေး” ဆိုတဲ့အဖွဲ့နဲ့အတူ ဘုံချောဟီကို လက်ထပ်ထိမ်းမြားခြင်း လမ်းကြောင်းပေါ်ရောက်အောင်လုပ်ဖို့ တာဝန်ပေးစေခိုင်းခံရပါတယ်။ တစ်ကိုယ်တည်းသမား ဘုံချောဟီနဲ့ အောင်သွယ်တော် ဂျောင်ဟာနာတို့ နှစ်ယောက်ကြား ဘယ်လိုနီးစပ်မှုတွေရှိလာပြီး ဘယ်လိုခံစားချက်တွေပြောင်းလဲကာ ဘယ်လိုခံယူချက်အသစ်တွေ ပေါ်ပေါက်လာမလဲ..။ ဂျောင်ဟာနာရဲ့တာဝန်ကရော ပြီးမြောက်သွားမလဲဆိုတာကို အပတ်စဉ် စနေ တနင်္ဂနွေနေ့မှာ စိတ်ကူးယဉ်ဆန်ဆန် ရယ်မောမောနဲ့ စောင့်မျှော်ခံစားကြည့်ရှုနိုင်ပါတယ်ရှင်။ (အညွှန်းကိုတော့  Thinn မှ ရေးသား‌ထားပါတယ်။) Aired: Nov 16, 2024 - ? Aired On: Saturday, Sunday Genres: Romance, Melodrama Episodes: 10 Original Network: Channel A Translated by  Lai Laii, Yati Naing, Lucien, Saung Yupar, Theint & Milkeux Encoded by Tiff

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း