Orb: On the Movements of the Earth
"အဖြေမှားတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး" အခုတင်ဆက်ပေးသွားမှာကတော့ Medieval Fantasy anime တစ်ခုပဲဖြစ်ပါတယ် ၁၅ ရာစုနှစ်အချိန်မှာ အခြေတည်ထားပြီး scholar တွေနဲ့ Holy Church အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ် Vinland Saga လိုမျိုး Fantasy အရမ်းမဆန်တဲ့ Medieval anime ကြည့်ချင်သူတွေ အတွက်တော့ တော်တော်လေးကို အရသာ တွေ့စေမှာပါ Yuichi Nakamura(Gojo Satoru) နဲ့ Kejiro Tsuda(Nanami Kento) တို့လို အရမ်းကောင်းတဲ့ အသံသရုပ်ဆောင်တွေ ပါဝင်ထားတာမလို့ ကြည့်ရတာ အရမ်းကောင်းနေမှာပါ ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကြီးကို လူသားတွေရဲ့ အပြစ်ကြောင့် ဘုရားသခင်က စကြဝဠာရဲ့ အလယ်တည့်တည့် အနိမ့်ဆုံးနေရာမှာ ထားထားတယ်လို့ လူတွေ ယုံကြည်နေကြတဲ့ ခေတ်မှာ နက္ခတဗေဒပညာရှင်တွေက စကြဝဠာရဲ့ အမှန်တရားအစစ်မှန်ကို ရှာနေကြပါတယ် ဒီလိုရှာနေကြတဲ့ သူတွေကို ဘုရားကျောင်းရဲ့ သင်ကြားမှုတွေကို ဆန့်ကျင်တဲ့ ဒိဌိတွေ ဆိုပြီး လိုက်လံ သုတ်သင်ရှင်းလင်းကြတဲ့ အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်သွားမှာလဲ ဒီလို အချိန်တွေမှာ အရမ်းတော်တဲ့ ၁၂ နှစ် အရွယ် မိဘမဲ့ကောင်လေးတစ်ယောက်က ဘုရားကျောင်းကို ဆန့်ကျင်တယ်ဆိုတဲ့ စကြဝဠာရဲ့ သီအိုရီတစ်ခုကို အဖမ်းခံရာကနေ လွတ်လာတဲ့ ဒိဌိတစ်ယောက်ဆီကနေ သိလိုက်ရပါတယ် အဲဒီလို သိရပြီးတဲ့နောက် သူ့ရဲ့ ဘဝဘယ်လိုပြောင်းလဲသွားမလဲ ဘုရားကျောင်းရဲ့ အခုလို လိုက်ဖမ်းဆီး ကွပ်မျက်နေတဲ့ ကြားက ဒီပညာရှင်တွေက စကြာဝဠာရဲ့ အမှန်တရားကို ရှာဖွေတွေ့ပြီး သက်သေပြနိုင်သွားရမှာလားဆိုတာကို ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ကြည့်ရှု ခံစားသွားရမှာပါ ကိုယ်ံယုံကြည်မှုအတွက် အသက်ကိုတောင် ရင်းကြတဲ့ ဒီလို ပညာရှင်တွေရဲ့ ခရီးကြမ်းကို အတူတူ လိုက်ပါကြည့်ရှုလိုက်ကြပါဦး File Size : 250 MB Quality : 1080p Running Time : 25min Format : Mp4 Genre : Drama, Fantasy, Science Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Zin Sann Oo
အပိုင်းများ
25 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း