ဇာတ်ကားများ ရွေးရန်

Zindaginama

2024ဇာတ်လမ်းတွဲ

Zindaginama ( 2024 ) ပုထုဇ္ဇနော ဥမ္မတ္တကော ဒီတစ်ခါကြည့်ရှုသူတွေကို တင်ဆက်ပေးမှာကတော့ 2024 ခုနှစ်ထွက် Anthology series ပဲဖြစ်ပါတယ်ဗျ.. Anthology series ဆိုတဲ့အတိုင်း Episode တစ်ပိုင်းချင်းစီမှာ သူမတူတဲ့ဇာတ်ကြောင်းတွေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို မီးမောင်းထိုးတင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ One Plus One: ဝိတ်ချနေရင်း ဝိတ်ချခြင်းကိုစွဲလန်းသွားတဲ့ အမျိုးသမီးလေးအကြောင်း wagatam:စိတ်ကစဉ့်ကလျားရောဂါသည် လင်ယောကျာ်းရဲ့ ဒုက္ခနဲ့ ဇနီးသည်ရဲ့အခက်အခဲ Bhanwar: မတူညီတဲ့ အမျိုးသမီးနှစ်ဦးကြားက တူညီတဲ့ ကြောက်ရွံ့မှု ၊ စိုးရိမ်ပူပန်မှုတွေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်းက အခက်အခဲများ Caged:ဝါသနာပါရာကိုစွန့်လွှတ်ပြီး ဆေးကျောင်းတက်ရမယ့် ကျောင်းသားလေးရဲ့ ကိုယ့်ကိုကိုယ်လေ့လာစမ်းစစ်ခြင်းခရီးစဉ် Daily Puppet Show: အသက် ၂၆ နှစ်အရွယ် အစွဲလမ်းလွန်စိတ်ရောဂါရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးရဲ့ချစ်ဇာတ်လမ်း Purple Duniya: စိတ်ကူးယဉ်ခရမ်းရောင်ကမ္ဘာတစ်ခုနဲ့ လက်တွေ့ဘဝကြားမှာ ရုန်းကန်နေရတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး စိတ်ကျန်းမာရေးဆိုတာ သွက်သွက်ခါရူးနေတာမှမဟုတ်ဘဲ ကျွန်တော်တို့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးတွေဟာလည်း အဲဒီလူရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာနေမှုတွေကြောင့် ဖြစ်နိုင်တာဖြစ်ကြောင်းနဲ့ သူတို့တွေကို အားပေးနှစ်သိမ့်ပြီး ကူညီပေးဖို့လိုအပ်ကြောင်းတွေကို သေချာလေးပုံဖော်သွားတာကြောင့် Bollywood ပရိတ်သတ်ကြီး အချိန်ပေးရကျိုးနပ်စွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ V, Alex, Yunni, Tomo, KKKZ, LinnLunn တို့ပဲဖြစ်ပါတယ် ) File Size –800MB (Appx;)@Episode Quality – 1080p WEB DL Duration –43 minute (@Episode) Total Episodes:6Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Translator – V~ Alex~Yunni~ Tomo~KKKZ~ LinnLunn Encoder – YK

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း