ဇာတ်ကားများ ရွေးရန်

Love Your Enemy

2024ဇာတ်လမ်းတွဲ

Love Your Enemy 2024 စ/ဆုံး Princess Hours, Along with the Gods, Kingdom စတဲ့ဇာတ်‌ကားတွေထဲက မင်းသား Ju Ji Hoon နဲ့ ... Train to Busan ထဲက မင်းသမီး Jung Yu Mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့... Rom-Com ကားသစ်ကလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Rom-Com မို့ မရယ်ရဖို့တော့ မပူနဲ့နော်။ ဇာတ်လမ်းအကျဉ်း တစ်မြို့တည်း တစ်နေ့တည်း မွေးကြတဲ့ နာမည်လည်းတူတဲ့ ဆော့ဂျီဝန်းနဲ့ယွန်းဂျီဝန်း.... သူတို့ရဲ့မိသားစုတွေက မျိုးရိုးစဉ်ဆက် ရန်သူတော်တွေ...နှစ်ယောက်က ကျောင်းလည်းအတူတူတက်ကြပေမယ့်... ပြိုင်ဘက်တွေဖြစ်ပြီး မျက်နှာချင်းဆိုင်တွေ့တာနဲ့ ရန်စောင်နေကြတဲ့နှစ်ယောက်ပါ။ ဆော့ဂျီဝန်းက... မိသားစုအခြေအနေကြောင့် မြို့ကနေထွက်သွားခဲ့ပေမယ့်...နောက်ပိုင်း သူ့ဇာတိမြို့ကိုပြန်ရောက်လာပြီး... ငယ်ငယ်ကသူတို့ တက်ခဲ့တဲ့အထက်‌တန်းကျောင်းရဲ့ ဥက္ကဌဖြစ်လာခဲ့တယ်။ ယွန်းဂျီဝန်းကလည်း... အဲဒီကျောင်းမှာပဲကာယဆရာမဖြစ်လာတော့...ရန်သူတော် နှစ်ယောက် ဘယ်လိုတွေ ဘုနဲ့ဘောက်ဖြစ်ကြပြီး... အချစ်ပန်းလေးတွေ ပေါက်ဖွားလာမလဲဆိုတာကို...အားလုံးပဲ စောင့်မျှော်ကြည့်ရှုခံစားပေးကြပါဦး။ ဇာတ်လမ်းအညွှန်းကို Hsu Myat Naing မှ ရေးသားပေးထားပါတယ်။ Drama: Love Your Enemy Genres: Comedy, Romance Country: South Korea Episodes: 12 Aired: Nov 23, 2024 - ? Aired On: Saturday, Sunday Original Network: tvN Duration: 1 hr. 10 min. Translated by Encoded by Heather Oo

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း