ဇာတ်ကားများ ရွေးရန်

Children of the Church Steps

2024ဇာတ်လမ်းတွဲအမှတ် 4.9/10

Children of the Church Steps (2024) အပိုင်း (၁ မှ ၄) စ/ဆုံး ဒီစီးရီးလေးကတော့ ဒီနှစ် အောက်တိုဘာလထဲမှာ Netflix က အသစ်ထွက်ရှိထားတာဖြစ်ပါတယ်။ ပေါ်တူဂီစကားပြော ဘရာဇီး series ဖြစ်ပြီးတော့ Drama History အမျိုးအစား mini series ဖြစ်ပါတယ်။ ဒီ series ကို ၁၉၉၃ ခုနှစ် ဇူလိုင်လ ၂၃ ရက် ညမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးတစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ကန်ဒယ်လားရီးယားဘုရားကျောင်းအပြင်ဘက် လှေကားထစ်တွေပေါ်မှာ အိပ်နေကြတဲ့ အိမ်ခြေရာမဲ့ကလေးတွေကို ဝင်ရောက်ပစ်ခတ်မှုမှာ ကလေးငယ် ၆ ယောက်နဲ့ ဆယ်ကျော်သက် ၂ ယောက် သေဆုံးခဲ့ပြီး အခြားကလေးငယ်နဲ့ ဆယ်ကျော်သက်များစွာ ဒဏ်ရာရခဲ့ကြပါတယ်။ ဒေါက်ကလက် ဆက်ချ် ပီပေါ့ကာနဲ့ ဂျေဆူးဆိုတဲ့ ကလေးတွေရဲ့ ဘရာဇီးရဲ့လမ်းမတွေပေါ်မှာ ဘယ်လိုကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ... ဘယ်လို အိပ်မက်တွေရှိခဲ့ကြလဲ... အဖြစ်ဆိုးနဲ့ ဘယ်လိုကြုံခဲ့ရလဲ... ဆိုတာ ကိုယ်တွေ့ကြုံခဲ့ကြသူတွေရဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားတာမို့လို့ ကြည့်ရှုခံစားကြပါဦးနော် .. ။ (အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ်) Episodes: 4 Original Network: Netflix  Genres: Thriller, History, Drama Translated by Zoronoa Encoded by AHtet

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း