ဇာတ်ကားများ ရွေးရန်

The Tale of Lady Ok

2024ဇာတ်လမ်းတွဲအမှတ် 8.1/10

The Tale of Lady Ok (2024) အပိုင်း (၁ မှ ၁၆) စ/ဆုံး  ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ယွန်းဂျင်း (Lim Ji Yeon)ရဲ့ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်‌ပေးပါရစေ။ The Gloryထဲက ဗီလိန်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ယွန်းဂျင်းကို ဂျိုဆွန်းခေတ် အမျိုးသမီး အဖြစ် ကာရိုက်တာ အသစ်တစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပြီး မင်းသားကလည်း Oasis ဇာတ်ကားနဲ့ Best New Actorဆု ‌ဆွတ်ခူးရရှိထားသူမို့ မထွက်ခင်ကတည်းက ရေပန်းစားနေတဲ့ ကားလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း အို့ထယ်ယောင်း(Lim Ji Yeon)ဆိုတဲ့ ဂျိုဆွန်းခေတ်က အမျိုးသမီးဟာ ထက်မြက် သွက်လက်ပြီး ဥပဒေရေးရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်။ အမြဲလိုလို ကူညီတတ်တဲ့ အကျင့်စရိုက်ကြောင့် လူချစ်လူခင်လည်း ပေါများသူပါ။ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက် ရှိ‌နေပါတယ်။ အဲဒါကတော့ သူ့ နာမည်၊ ဂုဏ်ပုဒ်နဲ့ ခင်ပွန်းတို့ကအတုအယောင်တွေ ဖြစ်နေတာပါပဲ။ အဲဒီလိုနဲ့ တစ်နေ့‌မှာတော့ ဂျိုဆွန်းတစ်ခွင်ကို နယ်လှည့်ပြီး ပုံပြင် လိုက်‌ပြောပြတဲ့ ပုံပြင်ဆရာလေး ချွန်းဆွန်းဟွီ(Choo Yeong Woo)နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ လျှို့ဝှက်ချက်‌တွေ ရှိတဲ့ အမျိုးသမီး အို့ထယ်ယောင်းနဲ့ သူမကို မြင်မြင်ချင်း ချစ်မိသွားတဲ့ ပုံပြင်ဆရာ‌ ချွန်းဆွန်းဟွီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။ (အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်) Episodes: 16 Aired: Nov 30, 2024 - Jan 19, 2025 Aired On: Saturday, Sunday Original Network: jTBC Genres: Historical, Romance, Drama Translated by Hnin Wai Oo, Chothet, Hazelle, Esth, Treasure Htet & Saung Yupar Encoded by AHtet

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း